တစုံတရာကို

တစုံတရာကို

လှေခါးထိပ်ကနေ ကွေ့လိုက်သည် နှင့် စက္ကူပုံးကြီး တပုံးရှေ့မှာ ချလို့ ရပ်နေကြသော အဝါရောင် ယူနီဖောင်းဝတ် ကောင် လေးတယောက် နှင့် ကောင်မလေး တယောက်ကို လှမ်းမြင်လိုက်ရ၍ ကေသီ စိတ်သက်သာသွားရသည်။ ကြည့်ရတာ သူ တို့ ရောက်ခါစပင် ရှိသေးပုံရသည်။ တချိန်တည်းမှာပင် ရင်ထဲမှာ ထိတ်ကနဲ လည်း ဖြစ်သွားသည်။ ကောင်လေးနှင့် ကောင်မလေးက ကေသီ့ မောင်ဝမ်းကွဲ၊ ညီမ ဝမ်းကွဲလေးတွေ နှင့် ရွယ်တူလောက် ရှိလိမ့်မည်ကို သတိ ထား လိုက်မိတော့ မျက် နှာ နည်းနည်း ပူချင်လာသည်။ မှာလိုက်တာ မှားပြီလားဟု တွေး လိုက်မိပါသည်။ ဒါပေမယ့် မှာ ပြီးသား၊ ငွေချေပြီးသား၊ ကေသီ့ အခန်းဝမှာလည်း ရောက်နေပြီဆိုတော့ ခုချိန်မှ တော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါ။ အဲဒီနေ့က မမနီ အပြောကောင်းတာလဲ ဖြစ်နိုင်ပါသည်။ ကေသီ ဘီယာသောက်တာ နည်းနည်းများသွားတာလည်း ဖြစ်နိုင် ပါသည်။ ဒါပေမယ့် မမနီပေးသော နံပါတ်ကို ချက်ချင်း ဖုန်းခေါ်မိတာ၊ မဆိုင်းမတွ ငွေလွှဲလိုက်မိတာက မူးတာထက် တော့ ပိုသွားသည်ဟု ထင်မိသည်။

“ရောက်တာ ကြာပြီလား၊ တို့လဲ ပြေးလာတာလမ်း ပိတ်နေလို့” “မကေသီနော်” “ဟုတ်ပါတယ်။” “သမီးတို့ ဖြတ်ပိုင်းကြည့်လို့ရမလား၊ အမဆီကို လှမ်းပို့ထားတာလေ။” “အော် ..အေးအေး” ငြိမ်သက်စွာ ရပ်နေသည့် ကောင်လေးကို မျက်လုံးချင်း မဆုံမိအောင် သတိထားရင်း ကေသီက ဖုန်းကို ဖွင့်၍ ကုမ္ပဏီက ပြန်ပို့ထားသည့် message ကို ပြလိုက်သည်။ “ဟုတ်ကဲ့ ရပါပြီ အမ၊ တခါထဲ ဆင်ပေးရမယ် မဟုတ်လား၊ ဘယ်မှာထားမှာလဲ။” အခန်းတံခါးကို ကဗျာကယာဖွင့်၍ ကုတင်ဘေးမှာ မနက်တုန်းက ရှင်းထားသည့် နေရာကို ပြလိုက်သည်။ သူတို့ နှစ် ယောက်က စက္ကူပုံးကြီးကို မ ပြီး ကေသီနောက်က လိုက်လာကြသည်။ “ရမလား၊ ဒီနေရာက” “တပေခွဲကျန်ရင် ရပါတယ် အမ” ရောက်ကထဲက နှုတ်ဆိတ်နေသော ကောင်လေးက ဝင်ဖြေသည်။ ကေသီ မလုံမလဲ နှင့် ခိုးကြည့်မိတော့ ကောင်လေး အမူ အရာက အေးအေးဆေးဆေး ပင်ရှိသည်။ သူ့မျက်နှာပေါ်မှာ လှောင်ပြောင် သရော်လိုသည့် အရိပ်အယောင် စူးစမ်းသည့် အရိပ်အငွေ့တွေ မတွေ့ရပါ။

နိစ္စဒူဝ ကြုံနေကျဆိုတော့ ရိုးနေတာ လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကျောပိုး အိတ်ထဲက ခေါက်ဓားတချောင်းကို ထုတ်၍ ကောင်လေးက ပုံးကို ဖောက်သည်။ အခန်းကျဉ်းလေးထဲမှာ လူ ၃ ယောက် စက္ကူပုံး တပုံး နှင့် ပြည့်သွားသည်။ ကောင်မလေးက ကေသီ့ဖက် ကို လှည့်ကြည့်ရင်း “အမ အခန်းက အနေတော်ပဲ၊ တလ ဘယ်လောက်ပေးရလဲ အမ” “၆သိန်း” “သမီး တို့နေတာကတော့ ၇သိန်းခွဲ ပေးရတယ်။ ဒီထက်တော့ နည်းနည်းကျယ်တယ်။ ဒါပေမယ့် သမီးက ညီမလေးနဲ့ ၂ ယောက်နေတာလေ” “မဆိုးပါဘူး။ တယောက်ကို ၃သိန်းကျော်လောက် ပဲ ကျတာပေါ့” ရန်ကုန်က ခိုအိမ်လို အခန်းကျဉ်းလေးတွေထဲမှာ နေကြသူချင်း ဒီလိုပဲ ပြောဖြစ်တတ်ကြပါသည်။ ကေသီလည်း မျက်နှာ ပူ သလို စိတ်ကျဉ်းကြပ်သလို ခံစားချက်နည်းနည်းရော့သွားသည်။ တဖက်မှာလည်း လူတကာ ဝယ်နေသည့် ပစ္စည်းတခု အတွက် စိတ်ထဲမှာ ဒီလောက်မထားသင့်ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ရ၏။ ပစ္စည်း အစိတ်အပိုင်းတွေကလည်း ဆင်ရတာလွယ်ကူမည့် ပုံရှိသည်။

ကောင်လေးကလည်း လုပ်နေကျ ကျွမ်းကျင်နေ ပုံ ရသည်။ ခနလေး နှင့် ပင် ပုံပေါ်လာ၏။ မျက်နှာပူ တာနည်းနည်းလျော့သွားသည့် ကေသီက ထမင်းစား စားပွဲဘေးက တလုံး တည်းသော ပုလပ်စတစ် ကုလားထိုင်လေးကို ကောင်မလေး ကိုချပေးပြီး သူလည်းကုတင် စွန်းမှာ ဝင်ထိုင်လိုက် သည်။ “ရတယ် အမ ပြီးတော့မယ်။ မထိုင်တော့ပါဘူး။” ကောင်မလေး ပြောတာ ဟုတ်ပါသည်။ အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်သည့် ဘီးတဘီးတည်းပါသော စက်ဘီးလေး ကို အင်္ဂါ စုံစွာ မြင်လာရပြီ ဖြစ်သည်။ လက်ကိုင် ၂ခုကြားက Display ဘုတ်ပြားလေး တပ်လိုက်ပြီးသည် နှင့် ကောင်လေးက ထရပ်လိုက်ပြီး သူ့ ကိရိ ယာတွေကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ “အမ သုံးဖူးသလား” “ဟင့်အင်း” ပြန်ဖြေလိုက်သည့် ကေသီ့ အသံက ခြောက်ကပ် အက်ကွဲနေသည်။ “ကဲ … ပြီးရင်လည်း နင် အပြင်ထွက်တော့၊ အောက်ကပဲ စောင့်ချင်စောင့်” မျက်နှာတည်တည် နှင့် ကောင်မလေးက ပြောလိုက်တော့ ကောင်လေးက တချက်ပြုံးပြီး သူ့အိတ်လေးဆွဲကာ ပြန်ထွက် သွားသည်။

ကေသီ့ကို နှုတ်ဆက် ပြုံးလို့ ယူဆနိုင်ပေမယ့် နဂိုထဲက စိတ်မလုံသည့် ကေသီ့ မျက်နှာလေး ပူရှိန်းသွား ရ သည်။ ကောင်လေး အပြင်ရောက်တော့မှ ကောင်မလေးက တံခါးကို သွားပိတ်လိုက်ပြီး စက်ဘီးဘေးကို တိုးဝင်လာ သည်။ ကေသီလည်း သေသေချာချာ မြင်ရအောင် ကုတင် အလယ်ပိုင်းလောက်ကို တိုးထိုင်လိုက်သည်။ စက်ဘီးဆိုပေမယ့် လက်ကိုင်အောက်က ဘီးတဘီးသာ ရှိပြီး ထောက်လို အပြား ကြီး ၂ ခုဖြင့် မယိုင်လဲ အောင်အောက် က ထိန်းထားသည်။ ကောင်မလေးက ထိုင်ခုံ အောက်ကအံလေးတခုကို ဖွင့်၍ ပလပ်ကြိုးတချောင်း ထုတ်ပြသည်။ “စာအုပ်ထဲမှာလဲ လမ်းညွှန်ပါပါတယ် အမ၊ ဒါက အားသွင်းဖို့ပါ။ ပုံမှန် နင်းပေးနေရင်တော့ သူ့ဟာသူ ဘက်ထရီက ချာ ဂျင် ဝင်နေပြီး သတ်သတ် အားသွင်းစရာမလိုပါဘူး။ အမ က လနဲ့ ချီ ပြီး ပစ်ထားမိတယ် ဆိုရင်တော့ မစီးခင် ၁ နာရီ ၂ နာရီ လောက် ကြိုအားသွင်းထားလိုက်ရင် display က အလုပ်လုပ်ပါတယ်။” ပုံးထဲက ပလပ်စတ်အိတ် နှင့် ထုပ်ထားသည့် မန်နူရယ် စာအုပ်နှင့် စာရွက်တွေကို ကုတင်ပေါ်ချပေးရင်း ကောင် မလေးက ပြောသည်။

သူ့လေသံက စောစောက အာလာပ သလာပ ပြောတုန်းကလို မဟုတ်ဘဲ စာရွတ်သလို ဖြစ်သွားသည်ကို ကေသီ သတိပြုမိသည်။ “ဒါ ပါဝါ ခလုတ်ပါ ” လက်ကိုင် ၂ ခုကြားက တပေလောက်ကျယ်မည့် မှန်ပြင် အောက်နားကို နှိပ်ပြရင်းပြောသည်။ ကုမ္ပဏီ အမည် နှင့်တခြား စာတန်းများ ပေါ်လာသည်။ ခန ကြာတော့ ဘာသာစကားရွေးဖို့ ပေါ်လာသည်။ “မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးမျိုးရပါတယ်။ အမ ဘယ်ဟာထားချင်သလဲ” “အင်း …အင်း..ဂလိပ်” “အမ နာမည် က ကေအေဝိုင် တီအိတ်ချ်အိုင် လို့ပေါင်းတာလား” “ဟုတ်… ဟုတ်တယ်။” ကေသီ ရေငတ်သလို အာခေါင်တွေ ခြောက်နေသည်။ ရင်တွေလည်း တဒိုင်းဒိုင်း ခုန်နေ၏။ ကောင်မလေးကတော့ ကေသီ့ ဖက်ကို လှည့်တောင် မကြည့်ဘဲ သူလုပ်စရာ ရှိတာလုပ်နေသည်။ “ရပြီ၊ အမ ဒီဖက် လက်ကိုင်ကို ခန ကိုင်ထားပါ။” ကုတင်နှင့် စက်ဘီးကြားထဲကို ကပ်ကပ်သပ်သပ်တိုးဝင်ပြီး ဘယ်ဖက်က လက်ကိုင်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။

စိတ် ထဲမှာ ချော်နေသည်ဟု ထင်မိတာကြောင့် ပြန်လွှတ်ပြီး လက်ကို တင်ပါး နှင့် ပွတ်လိုက်ရသေးသည်။ မျက်နှာမှာလည်း ချွေးတွေ ပြန်လာမှန်း ကေသီသိနေ၏။ “ဟုတ်ပြီ၊ ပြန်လွှတ်လို့ ရပြီ အမ၊ လက်ဗွေကို မှတ်ထားလိုက်ပြီ ဆိုတော့ အမတယောက်ပဲ ဖန်ရှင်တွေ အကုန်သုံးလို့ရမယ်။ တခြားလူတက်ထိုင်လည်း နင်းရုံ သက်သက်ပဲ ရမယ်။ ဒီမှာ ကြည့် အမ၊ ဒါက မန်မိုရီ ၅၀၀ ဂစ်ပါတယ်။ မန်မိုရီ ကဒ် ထပ် စိုက်လည်းရတယ်။” ကောင်မလေးက မှန်ပြင်ဘေးက အံလေးတခုကို တွန်းဖွင့်၍ ကဒ်စိုက်ရမည့် နေရာပြသည်။ “လောလောဆယ်တော့ ကုမ္ပဏီက တခါတည်း ထည့်ပေးလိုက်တဲ့ ရုပ်ရှင်တွေ သီချင်းတွေ ပါတယ်။ အမ မကြိုက်လဲ ဖျက် ပစ်လို့ ထပ်ထည့်လို့ရတယ်။ ဒီထောင့်မှာ ကြည့်လိုက်အမ” သူပြသည့် ညာဖက် အောက်နားကို ကေသီကြည့်လိုက်မိသည်။ “normal နဲ့ pleasure ဆိုပြီး ရှိတယ်။ normal ကတော့ default ပဲ အမ၊ ပါဝါ အွန်တာနဲ့ normal မှာ ရှိမယ်။ အမ ခြေနင်း ကို စနင်းတာနဲ့ speed ရယ် distant ရယ် တက်လာလိမ့်မယ်။

ဒီဖက် pleasure က…” ကောင်မလေးက ခနရပ်ပြီး စက္ကူပုံးကြီးထဲက နောက်ထပ် ဘူးတဘူး ကို ထုတ်လိုက်သည်။ ကေသီ ခြေဖျား လက်ဖျားတွေ အေးလာ၏။ “pleasure ကို ရွေးလိုက်ရင် ထိုင်ခုံ အောက်က ငုတ်လေးတခု ထွက်လာမယ်။” သူပြောသလိုပင် ထိုင်ခုံရှေ့ပိုင်းက ငုတ်တခု အပေါ်ကို ထိုးထွက်လာသည်။ ကောင်မလေးက စက္ကူဘူးကို အပြင်က ပတ် ထားသည့် ပလပ်စတစ်တွေကို လက်သည်းနှင့် ထိုးဖောက်ခွာရင်း အနိမ့်အမြင့် အတက်အကျ မရှိသည့် စာရွတ်သလို အသံမျိုးဖြင့် ဆက်ရှင်းပြ၏။ “အထဲမှာ ၄ လက်မ က စပြီး ၅၊ ၆၊ ၇၊ ၈ ငါးချောင်းပါပါတယ်ရှင့် ၊ အဲဒါကို ဒီလို” ဗူးထဲက ထွက်လာသော ပန်းရောင် အချောင်းကြီးကို ကေသီ ပါးစပ် အဟောင်းသား နှင့် ကြောင်ငေးကြည့်နေမိသည်။ ကောင်မလေးကတော့ ဘာမှ မထူးခြားသလိုပင် အဲဒါကြီးကို စောစောက ငုတ်ထိပ်မှာ စွပ်ပြီး လှည့်လိုက်ရာ ထပ်ကနဲ အသံ မြည်သွားသည်။ “အသံမြည်မှ သူက အံကျတယ်။ အသံမကြားရရင်တော့ ပြန်ဖြုတ်ပြီး ပြန်တပ်ပါ။ ဂျယ်သုံးချင်ရင်လည်း ဒီဘူးထဲမှာပါ ပါတယ်။ ကုန်သွားရင် အပြင်မှာ ဝယ်လို့လည်း ရပါတယ်။

သမီးတို့ ဆီကို မှာရင်လည်း ၂ ဘူးအထက်ဆို ပို့ပေးပါတယ်။ ပြန်ဖြုတ်ရင်လည်း ခုနနဲ့ ပြောင်းပြန် လှည့်လိုက်ရင် ပြုတ်ထွက်သွားပါလိမ့်မယ်။ ပြီးရင် normal ကို ပြန်ရွေးလိုက်ရင် ဒါက ပြန်ဝင်သွားပါမယ် ရှင့်။” “ဟို ..ဟိုလေ … သုံးတော့ ..သုံးတော့” “အမ တက်ထိုင်ပြီး နင်းလိုက်ရုံပဲလေ။ အမ နင်းတဲ့ အရှိန်ကို လိုက်ပြီး သူက လှုပ်မှာပါ။ အော် မေ့နေလို့” ကောင်မလေးက နောက်ထပ် ဘူးသေးတခု ဆွဲထုတ်ပြီး ဖွင့်လိုက်ပြန်သည်။ အထဲက နားကျပ်တခု ထွက်လာသည်။ နောက်ပြီးတော့ ကြိုးရှည်ရှည် နှင့်တွဲထားသော အမဲရောင် လေစုပ်ခွက် ခပ်သေးသေး နှစ်ခု။ “ဒီဘေးက အစိမ်းရောင် အပေါက်က နားကြပ် အတွက်ပါ၊ သီချင်းနားထောင်ဖို့ ရုပ်ရှင်ကြည့်ဖို့ သုံးလို့ ရပါတယ်။ အပြာ ရောင်က စုပ်ခွက် အတွက်ပါရှင့်။

စုပ်ခွက်က အတွင်း ဖက်ကို ဂျယ်နည်းနည်း ပွတ်ပြီး သုံးရင် ပိုကောင်းပါတယ်။ နို့သီး ခေါင်းမှာ တပ်ပြီး ထိပ်က ဖုလေးကို ညှစ်လိုက်ရင် သူ့ အလိုလို စုပ်သွားပါလိမ့်မယ် ရှင့်။ မသုံးလည်း ရပေမယ့် ဒါတပ် ထားရင် အခြေအနေကို မော်နီတာ လုပ်နိုင်တာကြောင့် တပ်ဖြစ်အောင် တပ်ဖို့တော့ ကုမ္ပဏီက အကြံပြုထားပါတယ်။ အမ သိချင်တာ များ ရှိပါသေးလား။” “မ ..မ ..မရှိတော့ပါဘူး။” လိုအပ်ရင် မမနီ ဆီ ဖုန်းဆက် မေးလို့ ရနိုင်ပါသည်။ “ဒါဆို သမီးကို ခွင့်ပြုပါဦး ရှင့်၊ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီပုံးခွံ သမီးယူသွားပြီး အမှိုက်ပုံးထဲ ထည့်ပေးရ မလား။” ကေသီခေါင်း ညိတ်ပြလိုက်တော့ ကောင်မလေးက ပုံးခွံကြီးကို ခြေနှင့် နင်း၍ ပြားချပ်သွားအောင် ခေါက်ယူပြီး အခန်ထဲက ထွက်သွားသည်။ သူ့ကို တံခါး အဖွင့် အပိတ် လိုက်လုပ်ပေးသည့် အချိန်မှာ ကေသီ ခြေတွေ လက်တွေ တုန်နေသည်။ တံ ခါးဝကနေ ကုတင်ဆီကို လျှောက်လာရင်း ဒူးတွေ ချောင်သလို ဖြစ်နေသည်ကို ခံစားရသည်။

အထူးသဖြင့် ကိုယ် အောက် ပိုင်း တနေရာက ခံစားချက်တခုက ကေသီ့ကို ဒုက္ခပေးနေသည်။ ခုနက ကောင်မလေး ရှေ့မှာ ခပ်တည်တည်နှင့် ဟန်လုပ်နေခဲ့ရပေမယ့် ဒါက ကေသီမကြုံဖူးသေးသည့် အကြောင်းတခု ဖြစ်ပါ သည်။ အရွယ်ရောက်စကထဲက ကေသီ့ကို ရံဖန်ရံခါ ဒုက္ခပေးတတ်သည့် ခံစားချက်တခုက အခု အချိန်မှာ အပြင်း ထန်ဆုံး အရှိန်ဖြင့် ထိုးနှက်နေသည်။ တလှိုက်လှိုက်မောနေသောရင်ကို လက်နှင့် အသာဖိရင်း အိပ်ရာပေါ်သို့ ကေသီ အ ရုပ်ကြိုးပြတ်လဲကျသွားသည်။ “အဲဒါ ငါရှည်တာ၊ ငါ ဆတ်ဆော့တာ၊ ရှာရှည်မိတာ၊ အောင်မယ်လေး ရှက်လိုက်တာ၊ ဒီကလေးတွေ နောက်တခါလမ်းမှာ တွေ့ရင်တော့ ဒုက္ခပဲ” မွေ့ယာကို လက်သီးဆုပ်ဖြင့် အဆက်မပြတ်ထုရင်း ကေသီ တတွတ်တွတ် ပြောနေမိသည်။

အမှန်အတိုင်းပြောရလျှင် ပေါင်ကြားသို့ ရောက်သွားတော့မည့် လက် နှင့် စိတ်ကို ထိန်းနေမိခြင်း ဖြစ်သည်။ ငိုလည်း ငိုချင်သလို ဖြစ်လာသည်။ “ကိုယ့် ဟာကို လက်နဲ့လဲ အဆင်ပြေနေတာကို၊ ငါ့နှယ်နော်” အဲဒီနေ့က ဘီယာ နည်းနည်းများသွားတာတော့ မှတ်မိသည်။ ရုံးသမား ဆိုတော့ အထိုင်များလို့ လေ့ကျင့်ခန်းလေး ဘာ လေး လုပ်ချင်ကြောင်း မမနီ ကို ပြောမိတာ ကလည်း ရိုးရိုးသားသား ပင် ဖြစ်သည်။ ဒါပေမယ့် ဒီစက်ကို ဝယ်ထားဖို့ မမနီ က တိုက်တွန်းတော့ ပြင်းပြင်းထန်ထန် မငြင်းခဲ့မိတာကိုတော့ ခုထိ ကိုယ့်ကိုယ်ကို နားမလည်သေးပါ။ မမနီ သွေးထိုးပေး သည့် အတိုင်း ဖုန်းထဲမှာ ချက်ချင်းလိုက်ရှာပြီး ငွေချေလိုက်မိတာကလည်း တဒင်္ဂ မိုက်မဲမှု သက်သက်လို့ ထင်ပါသည်။ နောက်နေ့တွေမှာ ဒီအကြောင်းကို တွေးမိတိုင်း ရင်တဖိုဖို ဖြစ်ရပေမယ့် ခုလောက်ကြီးတော့ စိတ်မလှုပ်ရှားမိခဲ့ပါ။ မနက် ဖြန်ကျရင် မမနီက တခြားသူတွေကြားထဲမှာ အကျိုးအကြောင်း မေးလာလေမလားလို့ အတွေးဝင်လာတော့ ကေသီ ငေါက်ကနဲ ထထိုင်ပြီး ဖုန်း ကို လှမ်းယူမိသည်။

“ရောက်လာပြီလား ကေသီ” မမနီက ဖုန်းကိုင်လိုက်တာနှင့် တန်းမေးသည်။ “ဟုတ်တယ်” လေးလေးတွဲ့တွဲ့ ကေသီ အဖြေစကားကို မမနီက တမျိုးထင်သွားပါသည်။ “အသံကတော့ လောလော လတ်လတ် စမ်းသပ်ကြည့်ထားတဲ့ အသံမျိုးပဲ။ အဆင်ပြေတယ် မဟုတ်လား” “အာ .. မဟုတ်ပါဘူး။ ခုမှ ရောက်လာပြီး ဆင်လို့ ပြီးတာ ဘယ်လိုလုပ်စမ်းသပ်ရဦးမှာလဲ။ စမ်းလည်း မစမ်းရဲပါဘူး။ ဒီတိုင်း တက်နင်းဖို့တောင် စိတ်ထဲမရဲ ဘူး ဖြစ်နေတယ်။” ဟိုဖက်ကနေ မမနီ ရယ်နေတာ ကို ကေသီကြားရသည်။ “ဘာမှ ကြောက်စရာမလိုဘူး၊ အသေးဆုံးက နေစပြီး စမ်းကြည့်လိုက် ဟားဟား၊ အဆင်ပြေသွားလိမ့်မယ်။ အရှိန်များ သွား ရင်လည်း သူက သတိပေးလိမ့်မယ်။ တို့လဲ စစချင်း တော့ ကြောက်တာပဲ၊ ဒါပေမယ့် ခနလေးပါပဲ။ ချက်ချင်း အဆင်ပြေ သွားလိမ့်မယ်။ နောက်တော့ အားတာနဲ့ တက်ထိုင်မိရော၊ ယောက်ျားရပြီးတာတောင် တခါတလေ တက်နင်းမိသေး တယ်။ ဆက်သာလုပ်ညီမလေး။” မမနီ ဖုန်းချသွားတာကြောင့် ကေသီ ဘာမှပြန်မပြောလိုက်ရ။

ဟိုတရက်ကလို ဘီယာမူးနေရင်တော့ မမနီ နှင့် ဒီ အ ကြောင်းတွေကို တခုခုတော့ အချေအတင်ပြောဖြစ်လိမ့်မည် ထင်သည်။ အခုကတော့ ဘာတွေပြောရ မေးရမလဲ ဆိုတာ ကိုတောင် ကေသီ မသိပါ။ မမနီက မြှောက်ပေးတော့ ကေသီ့ဖက်က ပြတ်ပြတ်သား သား မငြင်းဆန်နိုင်ခဲ့ပါ။ တခါတလေ ပေါ်လာတတ်သည့် စိတ် ဆန္ဒတွေကို ချွန်းအုပ်ရတာ ဘယ်လောက်ခက်ကြောင်း မသိစိတ် က သိနေသောကြောင့် ဖြစ်မည် ထင်သည်။ အမှန် အတိုင်းပြောရရင် မမနီ ကိုယ်တိုင်တောင် မသိပေမယ့် မမနီဆီက ကေ သီ တိတ်တခိုး သင်ယူခဲ့မိတာ တွေအများကြီး ရှိသည်။ အသွေးအသားကြောင့် ဖြစ်ရသည့် စိတ်ဆန္ဓကို မလိုအပ်ဘဲ တရားလွန် ထိန်းချုပ်ခြင်းက မကောင်း ဆိုသည့် အတွေးကို မမနီကြောင့် ကေသီရခဲ့သည်။ “တချို့ အပျိုကြီးတွေ ဂေါက်ကုန်ကြတဲ့ အထဲမှာ အဲဒါကြောင့် အများကြီးပါတယ်။ တချို့က မတရားထိန်းလွန်းတယ်။ အဲဒီ စိတ်ကို ဖိလွန်းရင် ထိန်းမနိုင်သိမ်းမရ နသိုးကြိုးပြတ် ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် ဂေါက်ကရော၊ လိုချင်လွန်းလို့ အစွန်းရောက်ပြီး ဂေါက် တာတွေလဲ ရှိတာပေါ့လေ။

အဲဒါကို လူတွေက လင်တရူး ဆိုပြီး အကုန်သိမ်းကျုံး ထင်နေကြတာ၊ အမှန်က မတူ ဘူး။ ဒါပေမယ့် သဘာဝကို လက်ခံရင် တသက်လုံး အပျိုကြီး လုပ်လည်း အမေပေးတဲ့ လယ်တကွက်ကြောင့် ပြဿနာ ဖြစ် မှာမဟုတ်ဘူး။” ဟု မမနီက ကေသီတို့ကို ပို့ချခဲ့သည်။ ထို့ကြောင့် သဘာဝတရားကို လက်ခံဖို့ ကေသီဆုံး ဖြတ်ခဲ့သည်။ အရင်က အမှတ်တမဲ့လိုလို ကိုယ့်ကိုယ်ကို ညာရင်း လက်နဲ့ မထိတထိပွတ်၍ စိတ်ဖြေမှုမျိုး ရှိခဲ့ ဖူးပေမယ့် မမနီနှင့် ပေါင်းမိ ပြီးနောက်မှာ စိတ်ရှင်းရှင်းနှင့် အချိန်ယူလုပ်တတ်လာသည်။ အိမ်ထောင်သည် တယောက် ဖြစ်သည့် မမနီက ပွင့်လင်း သည်။ ကေသီတို့လို အငယ်တွေကို သူ့အတွေ့ အကြုံ သူ့ခံစားမှုတွေ အကြောင်း ဘွင်းဘွင်းရှင်းရှင်း ပင်ပြောပြတတ်သည်။ တချို့ မိန်းကလေး တွေက မမနီကို သူတို့ ကိစ္စတွေ ပြောဆို အကြံတောင်းကြတာကို ဘေးကနေ နားထောင်ရင်း ကေသီ လည်း အဆင့်တွေ တက်လာခဲ့ရသည်။ အခုဆိုရင် တပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ အိပ်ယာပေါ်မှာ ဒါမှမ ဟုတ်ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးနှင့် စိတ်လွတ်လက်လွတ် ကျကျနန အာသာဖြေမိသည့် အခြေအနေသို့ ကေသီရောက် လာသည်။

လုပ်ဖော်ကိုင်ဖက် အချို့၊ သူငယ်ချင်း အချို့က ကျားအင်္ဂါ အတုတွေ သုံးကြကြောင်း ရိပ်မိသိရှိနေပေမယ့် အဲဒီ လောက် အထိတော့ ကေသီ အဆင့် မတက်ရဲသေးပါ။ ဒါပေမယ့် အခုတော့လည်း စိတ်လိုက်မာန်ပါ မှာမိခဲ့သည့် စက်တလုံးက အိပ်ရာဘေးတွင် ရောက်နေပြီ ဖြစ်သည်။ ကေသီ ဒယီးဒယိုင်ဖြင့် အိပ်ယာမှ ကျုံးထလိုက်ပြီး အသက်ကို ပြင်းပြင်း တချက်ရှုလိုက်၍ စက်ကို ပါဝါဖွင့်လိုက်သည်။ ထို့နောက် တုန်ရီသော လက်တွေနှင့် ဟိုကောင်မလေး ပြထားသည့် အတိုင်း လက်ကိုင်ကို ချွေးစိုနေသောလက်များဖြင့် တင်းတင်း ကိုင်လိုက်ချိန်တွင် မှန်ပြင်၌ “Welcome back Kay Thi” ဆိုသည့် စာသားပေါ်လာ၏။ အလန့်တကြားဖြင့် လက်ကိုပြန် လွှတ်လိုက်ပြီး ကေသီတွေတွေလေး ရပ်နေမိ၏။ မျက်စိကို မှိတ်၍ ချည်တုံ ချတုံ ဖြစ်နေရင်း “ချက်ချင်း အဆင်ပြေသွားမှာ ပါ” ဆိုသော မမနီစကားကို ပြန်ကြားယောင်မိသည့် အခါ လက်က အလိုလို အကျၤ ီဇစ်ဆီသို့ ရောက်သွားသည်။ “ဘာမှ မတွေးတော့ဘူး။” စိတ်မရှည်သလို ဆောင့်ကြီး အောင့်ကြီးပြောလိုက်ရင်း ဇစ်ကို ဆွဲဖြုတ်လိုက်မိ၏။

ထိုနောက် ရှီကနဲ အသံရှည်တခုနှင့် အတူ ကေသီ့ စကပ်လည်း ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ အတွင်းခံ ၂ ခုလည်း ခနချင်းပင် အိပ်ယာပေါ်သို့ရောက် သွား၏။ ထို့နောက် ခုန ကောင်မလေးက အချောင်း ၅ ချောင်းပါသည် ဆိုသော ဗူးကို ကသော ကမျော ဖွင့် မိသည်။ လက်တုန်နေသောကြောင့် အားလုံး အိပ်ယာပေါ်ပြုတ်ကျကုန်သည်။ အစဉ်လိုက် စီထားတာလည်း ပျက်သွား၍ အိပ်ယာ ပေါ်တွင် ပြန်ချစီပြီး အသေးဆုံးကို ရွေးထုတ်လိုက်သည်။ မှန်ပြင်ပေါ်က Pleasure ကို ဖိလိုက်တော့ ထိုင်ခုံမှာ ငုတ်က လေး ထွက်လာသည်။ ချွေးစေးတွေနှင့် လက်ချော်နေသောကြောင့် ဟိုကောင်မလေး ပြောသလို ချပ် ကနဲ အသံမြည်ပြီး အံကျ သွားအောင် သုံးလေးကြိမ် ကြိုးစားလိုက်ရသည်။ ပြီးမှ တဖန် ရေဆေးဖို့ စိတ်ကူးရတာကြောင့် ကပျာကယာ ပြန်ဖြုတ်ပြီး ရေပြေးဆေးရသည်။ ရေလုံးဝ ခြောက်သွားအောင် တစ်သျှူးနှင့် သေသေချာချာ သုတ်ရ ပြန်သည်။ ယောက်ျား အင်္ဂါ နှင့် တပုံစံတည်း တူအောင်လုပ်ထားသည့် အချောင်းလေးကို ပယ်ပယ်နယ်နယ် ကိုင်တွယ်ကာ ရေဆေး ရ၊ သုတ်ရ လုပ်နေရင်း ကေသီ့ရင်တွေ တဝုန်းဝုန်းခုန်နေသည်။

လည်ချောင်းတွေလည်း ခြောက်သွေ့အက်ကွဲလာသလို ခံ စားရသည်။ ဘာမှန်း မသိသည့် တစုံတရာကို အာသာငမ်းငမ်း လိုချင်စိတ်တွေလည်း ဖြစ်နေသည်။ အချောင်းကို နေရာတကျတပ်ပြီးတော့ လိုလိုမယ်မယ် ဂျယ် ခပ်များများ သုတ်လိုက်သည်။ ထို့နောက် ကောင်မလေး ပြော သည့် အတိုင်း နို့သီးထိပ်ဖျားမှာ စုပ်ခွက်တွေ တပ်လိုက်ပြီး ပင်ထိုးသည်။ ကေသီ ခေါင်းထဲမှာ မူးနေသည်။ ရင်သားထိပ် ဖျားက တင်းတင်းကျပ်ကျပ် ခံစားမှုက တကိုယ်လုံးကို ပျံ့ နှံနေသလို ပင်။ စက်ပေါ်ကိုတက်လိုက်တော့ ဒူးတွေ တုန်နေသည်။ ဘာမှလည်း မလုပ်ရသေးဘဲနှင့် လှိုက်လှိုက်ပြီးတော့ မောနေသည်။ အကြီးဆုံး အရွယ်အစားအနေဖြင့် လက်ခလယ်လောက်သာ ဝင်ဖူးသည့် အပေါက်ကလေးထဲသို့ ရာဘာချောင်းကို ထည့်ဖို့ ကေသီရုတ်တရက် စိတ်မှာမရဲပါ။ အသေးဆုံးဆိုပေမယ့် ကေသီ့လက်ခလယ်ထက်တော့ ဒီအချောင်းက များစွာကြီးနေ ပါသည်။

မရည်ရွယ်ပါဘဲနှင့် လက်က တွင်းဝဆီရောက်သွားတော့ မကြုံဖူးလောက်အောင် ရွှဲရွှဲစိုနေတာကို စမ်းလိုက်မိ သည်။ ခါတိုင်းဆိုရင် လက်နှင့် တော်တော်ကြာကြာလေး လုပ်ပြီးမှ ရောက်လာရမည့် အနေအထားမျိုး ဖြစ်ပါသည်။ သက်ပြင်းကြီးတခုကို လေးလေးပင်ပင် ချလိုက်ပြီးနောက် အသက်ကိုအောင့်၍ အဝတွင်တေ့ထားလိုက်ပြီး ကေသီဖိထိုင် ချ လိုက်သည်။ ကေသီ့ ညီမလေးက စူပါ အဆင့်ရောက်အောင်စိုရွှဲနေသည့် အပြင် ဂျယ်တွေလည်း တော်တော်များများ လိမ်း ထားလို့ ထင်သလောက်တော့ မနာပါ။ ဒါပေမယ့် တင်းကျပ်သည့် ခံစားမှုတခုက ဝမ်းဗိုက်မှသည် ရင်ခေါင်းအထိ ပေါင်တံ တွေ တလျှောက်မှသည် ဒူးအထိရောက်သွား၏။ ကေသီ့ ဒူးတွေ တဆတ်ဆတ်တုန်လာသည်။

ကေသီတခါမှ မကြားဖူး သည့် အသံတခုက ရင်ခေါင်းမှနေ၍ ခြောက်ကပ်နေသော လည်ချောင်းကို ဖြတ်သန်း ထွက်ကျလာ၏။ တင်ပါး ၂ ခုက ထိုင်ခုံနှင့် ထိသည့် အချိန်တွင် ကေသီ့ လက်တွေ တဆတ်ဆတ်တုန်လာသည်။ ကိုယ်အောက်ပိုင်းမှာ ဖြစ်နေရသည့် ဝေဒနာနှင့် ရင်တွင်းက ခံစားမှုမျိုးကို တခါမှ မကြုံဖူး မတွေးကြည့်ဖူးတာ အမှန်ပင်ဖြစ်သည်။ ခံစားရခက် သည့် ဝေဒနာကနေ ရှောင်နိုင်ရန် စက်ပေါ်ကနေ ပြန်ဆင်းဖို့ ကေသီ မတွေးမိတော့ပါ။

အံကို တင်းတင်းကြိတ်လိုက်ရင်း ခြေနင်းတဖက်ကို နင်းချလိုက်မိသည်။ အတွင်းသားနုနုလေးတွေကိ ပွတ်တိုက်ပြီး အချောင်းကြီး ပြန်ထွက်သွားသော အခါ ကေသီ့ရင်ထဲမှာ တလှပ်လှပ်ဖြစ်သွား သည်။ ခြေနင်းတပတ်လည်၍ အချောင်းပြန်တက်လာချိန်တွင် တနင့်နင့် ခံစားမှုတခု ကြောင့် ကေသီ အသံထွက်ညည်း လိုက်မိသည်။ အားစိုက်၍ တပတ်ချင်း ခပ်ဖြေးဖြေးနင်းရင်း ကေသီငိုချင်လာသည်။ မျက်ရည်မကျပေမယ့် ရှိုက်မိသည်။ ညည်းမိသည်။ တဖြည်းဖြည်းနှင့် မြန်မြန်လေး နင်းမိသည်ကိုလည်း သတိမမူမိတော့ပါ။ အခန်းကျဉ်းလေးထဲမှာ ကေ သီ့ ညီးသံ ရှိုက်သံတွေ နှင့် တစထက်တစ ပိုဆူလာသည်။ လက်ကိုင်ကို ကေသီတင်းတင်း ဆုပ်ထား၏။ အချောင်း မြင့်တက်လာသည့် အချိန်တွင် လူပါ အပေါ်ကို မြောက်တက် မသွားအောင် သူ၏ တင်ပါးတွေက ထိုင်ခုံနှင့် ထိပြီး ပြားကပ်သွားသည်အထိ အပေါ်ကနေဖိထားမိသည်။ ကေသီအရမ်း မောပါသည်။ ဒါပေမယ့် နင်းနေတာကို ရပ်ဖို့ ခေါင်းထဲ မရောက်ပါ။ ခြေနင်းကို တပတ်ပြီးတပတ်လည်အောင် ဆက်ခါ ဆက်ခါ နင်းနေဖို့ပဲ သိသည်။

အတွင်းသားတွေက နာသည်။ ဒါပေမယ့် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်းမျိုးမဟုတ်။ နင့်ကနဲနင့်ကနဲ ခံစားမှုက ကေသီ့တကိုယ်လုံးကို တဆတ်ဆတ်တုန်ခါစေ၏။ လေပွေလှိုင်းတခုကို စီးမိနေသလို ကေသီ့ စိတ်က နိမ့်လိုက် မြင့်လိုက် တရစ်ရစ်နှင့်လည်နေသည်။ ပေါင်ကြားထဲက ဘယ်လိုမှန်း မသိသည့် ခံစားမှုက သွေးကြောတွေ အတိုင်း တကိုယ်လုံသို့ ပျံ့နှံ့ စီးဆင်းနေသည်ဟု ထင်သည်။ အသက် ကို ပင်ပန်းကြီးစွာ ရှူရင်း ထိုခံစားမှုနောက် သို့လိုက်နေမိသည်။ ထိုအရာကို အမိအရဖမ်းလိုက်နိုင်ရင် ကေသီ့အတွက် တခု ခု ရတော့မလို အသိမျိုးဖြင့် လိုက်ဖမ်းမိသည်။ ရင်သားထိပ်ဖျားက တင်းကျပ်မှုကလည်း ကေသီ့ကို မွတ်သိပ်မှုတခု ပေး နေသည်။ ပါးစပ်က ဘာသံတွေ ထွက်ပြီး ဘာတွေ ပြောနေမိမှန်းလည်း ကေသီ မသိပါ။ ထို့နောက် လှိုက်ကနဲလှိုက်ကနဲ ခံစားမှုတခု ကတကိုယ်လုံးသို့ လှိုင်းဂယက်လို ပျံ့ နှံ့သွားသည်။ တကြိမ်တည်းတဟုတ်။ ရေပြင်သို့ ခဲပစ်ချလိုက်သော လှိုင်းဂယက်များ တလိမ့်လိမ့် ပြန့်ကားသွားသလို တလိပ်လိပ် နှင့် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ခြေနင်းကို တပတ်ပြီး တပတ်နင်းနေသော ခြေ ထောက်တွေက အလိုလို ရပ်တန့်သွားရ၏။

မျက်လုံးတွေ မှေးစင်းကျသွားပြီး နှုတ်ခမ်းနှင့် မေးရိုးတွေက တဖက်ဖက်ကို စောင်းရွဲ့သွားလို ခံစားလိုက်ရသည်။ ကြီးမားရှည်လျားသော ညည်းသံတခု ပြုလိုက်မိရင်း လက်ကိုင်ပေါ်သို့ ကေသီမှောက်ကျသွားသည်။ မောပန်းခြင်း၊ နွမ်းလျ ခြင်း ထို့နောက် အဲဒါတွေ နောက်ကွယ်က ဘာမှန်းမသိသော ပြည့်စုံမှုတခု။ ကေသီ့ တကိုယ်လုံးမှာ အားအင်တွေ အကုန် ပျောက်ဆုံးကုန်သည်။ “ကွန်ဂရက်ကျူလေး ရှင်း ကေသီ၊ စတင်ပြီး ၇မိနစ်နဲ့ ၄၃ စက္ကန့်မှာ အထွဋ် အထိပ်ကို ရခဲ့ပါတယ်။ ပျမ်းမျှ အရှိန် တနာရီကို ၁၄ ဒဿမ ၅ ကီလိုမီတာ ဖြစ်ပြီးတော့ ကယ်လိုရီ ၄၀ လောင်ကျွမ်းခဲ့ပါတယ်။” အင်္ဂလိပ်ဘာသာဖြင့် စက်က ပြောလာသည့် အသံက ဟိုအဝေးကြီးမှ လာနေသလိုလိုပင်……ပြီး။

 

Zawgyi

 

တစုံတရာကို

ေလွခါးထိပ္ကေန ေကြ႕လိုက္သည္ ႏွင့္ စကၠဴပုံးႀကီး တပုံးေရွ႕မွာ ခ်လို႔ ရပ္ေနၾကေသာ အဝါေရာင္ ယူနီေဖာင္းဝတ္ ေကာင္ ေလးတေယာက္ ႏွင့္ ေကာင္မေလး တေယာက္ကို လွမ္းျမင္လိုက္ရ၍ ေကသီ စိတ္သက္သာသြားရသည္။ ၾကည့္ရတာ သူ တို႔ ေရာက္ခါစပင္ ရွိေသးပုံရသည္။ တခ်ိန္တည္းမွာပင္ ရင္ထဲမွာ ထိတ္ကနဲ လည္း ျဖစ္သြားသည္။ ေကာင္ေလးႏွင့္ ေကာင္မေလးက ေကသီ့ ေမာင္ဝမ္းကြဲ၊ ညီမ ဝမ္းကြဲေလးေတြ ႏွင့္ ႐ြယ္တူေလာက္ ရွိလိမ့္မည္ကို သတိ ထား လိုက္မိေတာ့ မ်က္ ႏွာ နည္းနည္း ပူခ်င္လာသည္။ မွာလိုက္တာ မွားၿပီလားဟု ေတြး လိုက္မိပါသည္။ ဒါေပမယ့္ မွာ ၿပီးသား၊ ေငြေခ်ၿပီးသား၊ ေကသီ့ အခန္းဝမွာလည္း ေရာက္ေနၿပီဆိုေတာ့ ခုခ်ိန္မွ ေတာ့ ေနာက္ဆုတ္လို႔ မျဖစ္ႏိုင္ေတာ့ပါ။ အဲဒီေန႔က မမနီ အေျပာေကာင္းတာလဲ ျဖစ္ႏိုင္ပါသည္။ ေကသီ ဘီယာေသာက္တာ နည္းနည္းမ်ားသြားတာလည္း ျဖစ္ႏိုင္ ပါသည္။ ဒါေပမယ့္ မမနီေပးေသာ နံပါတ္ကို ခ်က္ခ်င္း ဖုန္းေခၚမိတာ၊ မဆိုင္းမတြ ေငြလႊဲလိုက္မိတာက မူးတာထက္ ေတာ့ ပိုသြားသည္ဟု ထင္မိသည္။

“ေရာက္တာ ၾကာၿပီလား၊ တို႔လဲ ေျပးလာတာလမ္း ပိတ္ေနလို႔” “မေကသီေနာ္” “ဟုတ္ပါတယ္။” “သမီးတို႔ ျဖတ္ပိုင္းၾကည့္လို႔ရမလား၊ အမဆီကို လွမ္းပို႔ထားတာေလ။” “ေအာ္ ..ေအးေအး” ၿငိမ္သက္စြာ ရပ္ေနသည့္ ေကာင္ေလးကို မ်က္လုံးခ်င္း မဆုံမိေအာင္ သတိထားရင္း ေကသီက ဖုန္းကို ဖြင့္၍ ကုမၸဏီက ျပန္ပို႔ထားသည့္ message ကို ျပလိုက္သည္။ “ဟုတ္ကဲ့ ရပါၿပီ အမ၊ တခါထဲ ဆင္ေပးရမယ္ မဟုတ္လား၊ ဘယ္မွာထားမွာလဲ။” အခန္းတံခါးကို ကဗ်ာကယာဖြင့္၍ ကုတင္ေဘးမွာ မနက္တုန္းက ရွင္းထားသည့္ ေနရာကို ျပလိုက္သည္။ သူတို႔ ႏွစ္ ေယာက္က စကၠဴပုံးႀကီးကို မ ၿပီး ေကသီေနာက္က လိုက္လာၾကသည္။ “ရမလား၊ ဒီေနရာက” “တေပခြဲက်န္ရင္ ရပါတယ္ အမ” ေရာက္ကထဲက ႏႈတ္ဆိတ္ေနေသာ ေကာင္ေလးက ဝင္ေျဖသည္။ ေကသီ မလုံမလဲ ႏွင့္ ခိုးၾကည့္မိေတာ့ ေကာင္ေလး အမူ အရာက ေအးေအးေဆးေဆး ပင္ရွိသည္။ သူ႔မ်က္ႏွာေပၚမွာ ေလွာင္ေျပာင္ သေရာ္လိုသည့္ အရိပ္အေယာင္ စူးစမ္းသည့္ အရိပ္အေငြ႕ေတြ မေတြ႕ရပါ။

နိစၥဒူဝ ႀကဳံေနက်ဆိုေတာ့ ႐ိုးေနတာ လည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါသည္။ ေက်ာပိုး အိတ္ထဲက ေခါက္ဓားတေခ်ာင္းကို ထုတ္၍ ေကာင္ေလးက ပုံးကို ေဖာက္သည္။ အခန္းက်ဥ္းေလးထဲမွာ လူ ၃ ေယာက္ စကၠဴပုံး တပုံး ႏွင့္ ျပည့္သြားသည္။ ေကာင္မေလးက ေကသီ့ဖက္ ကို လွည့္ၾကည့္ရင္း “အမ အခန္းက အေနေတာ္ပဲ၊ တလ ဘယ္ေလာက္ေပးရလဲ အမ” “၆သိန္း” “သမီး တို႔ေနတာကေတာ့ ၇သိန္းခြဲ ေပးရတယ္။ ဒီထက္ေတာ့ နည္းနည္းက်ယ္တယ္။ ဒါေပမယ့္ သမီးက ညီမေလးနဲ႔ ၂ ေယာက္ေနတာေလ” “မဆိုးပါဘူး။ တေယာက္ကို ၃သိန္းေက်ာ္ေလာက္ ပဲ က်တာေပါ့” ရန္ကုန္က ခိုအိမ္လို အခန္းက်ဥ္းေလးေတြထဲမွာ ေနၾကသူခ်င္း ဒီလိုပဲ ေျပာျဖစ္တတ္ၾကပါသည္။ ေကသီလည္း မ်က္ႏွာ ပူ သလို စိတ္က်ဥ္းၾကပ္သလို ခံစားခ်က္နည္းနည္းေရာ့သြားသည္။ တဖက္မွာလည္း လူတကာ ဝယ္ေနသည့္ ပစၥည္းတခု အတြက္ စိတ္ထဲမွာ ဒီေလာက္မထားသင့္ဟု ကိုယ့္ကိုယ္ကို ေျဖသိမ့္ရ၏။ ပစၥည္း အစိတ္အပိုင္းေတြကလည္း ဆင္ရတာလြယ္ကူမည့္ ပုံရွိသည္။

ေကာင္ေလးကလည္း လုပ္ေနက် ကြၽမ္းက်င္ေန ပုံ ရသည္။ ခနေလး ႏွင့္ ပင္ ပုံေပၚလာ၏။ မ်က္ႏွာပူ တာနည္းနည္းေလ်ာ့သြားသည့္ ေကသီက ထမင္းစား စားပြဲေဘးက တလုံး တည္းေသာ ပုလပ္စတစ္ ကုလားထိုင္ေလးကို ေကာင္မေလး ကိုခ်ေပးၿပီး သူလည္းကုတင္ စြန္းမွာ ဝင္ထိုင္လိုက္ သည္။ “ရတယ္ အမ ၿပီးေတာ့မယ္။ မထိုင္ေတာ့ပါဘူး။” ေကာင္မေလး ေျပာတာ ဟုတ္ပါသည္။ အိမ္တြင္းမွာ ေလ့က်င့္ခန္းလုပ္သည့္ ဘီးတဘီးတည္းပါေသာ စက္ဘီးေလး ကို အဂၤါ စုံစြာ ျမင္လာရၿပီ ျဖစ္သည္။ လက္ကိုင္ ၂ခုၾကားက Display ဘုတ္ျပားေလး တပ္လိုက္ၿပီးသည္ ႏွင့္ ေကာင္ေလးက ထရပ္လိုက္ၿပီး သူ႔ ကိရိ ယာေတြကို အိတ္ထဲ ျပန္ထည့္လိုက္သည္။ “အမ သုံးဖူးသလား” “ဟင့္အင္း” ျပန္ေျဖလိုက္သည့္ ေကသီ့ အသံက ေျခာက္ကပ္ အက္ကြဲေနသည္။ “ကဲ … ၿပီးရင္လည္း နင္ အျပင္ထြက္ေတာ့၊ ေအာက္ကပဲ ေစာင့္ခ်င္ေစာင့္” မ်က္ႏွာတည္တည္ ႏွင့္ ေကာင္မေလးက ေျပာလိုက္ေတာ့ ေကာင္ေလးက တခ်က္ၿပဳံးၿပီး သူ႔အိတ္ေလးဆြဲကာ ျပန္ထြက္ သြားသည္။

ေကသီ့ကို ႏႈတ္ဆက္ ၿပဳံးလို႔ ယူဆႏိုင္ေပမယ့္ နဂိုထဲက စိတ္မလုံသည့္ ေကသီ့ မ်က္ႏွာေလး ပူရွိန္းသြား ရ သည္။ ေကာင္ေလး အျပင္ေရာက္ေတာ့မွ ေကာင္မေလးက တံခါးကို သြားပိတ္လိုက္ၿပီး စက္ဘီးေဘးကို တိုးဝင္လာ သည္။ ေကသီလည္း ေသေသခ်ာခ်ာ ျမင္ရေအာင္ ကုတင္ အလယ္ပိုင္းေလာက္ကို တိုးထိုင္လိုက္သည္။ စက္ဘီးဆိုေပမယ့္ လက္ကိုင္ေအာက္က ဘီးတဘီးသာ ရွိၿပီး ေထာက္လို အျပား ႀကီး ၂ ခုျဖင့္ မယိုင္လဲ ေအာင္ေအာက္ က ထိန္းထားသည္။ ေကာင္မေလးက ထိုင္ခုံ ေအာက္ကအံေလးတခုကို ဖြင့္၍ ပလပ္ႀကိဳးတေခ်ာင္း ထုတ္ျပသည္။ “စာအုပ္ထဲမွာလဲ လမ္းၫႊန္ပါပါတယ္ အမ၊ ဒါက အားသြင္းဖို႔ပါ။ ပုံမွန္ နင္းေပးေနရင္ေတာ့ သူ႔ဟာသူ ဘက္ထရီက ခ်ာ ဂ်င္ ဝင္ေနၿပီး သတ္သတ္ အားသြင္းစရာမလိုပါဘူး။ အမ က လနဲ႔ ခ်ီ ၿပီး ပစ္ထားမိတယ္ ဆိုရင္ေတာ့ မစီးခင္ ၁ နာရီ ၂ နာရီ ေလာက္ ႀကိဳအားသြင္းထားလိုက္ရင္ display က အလုပ္လုပ္ပါတယ္။” ပုံးထဲက ပလပ္စတ္အိတ္ ႏွင့္ ထုပ္ထားသည့္ မန္ႏူရယ္ စာအုပ္ႏွင့္ စာ႐ြက္ေတြကို ကုတင္ေပၚခ်ေပးရင္း ေကာင္ မေလးက ေျပာသည္။

သူ႔ေလသံက ေစာေစာက အာလာပ သလာပ ေျပာတုန္းကလို မဟုတ္ဘဲ စာ႐ြတ္သလို ျဖစ္သြားသည္ကို ေကသီ သတိျပဳမိသည္။ “ဒါ ပါဝါ ခလုတ္ပါ ” လက္ကိုင္ ၂ ခုၾကားက တေပေလာက္က်ယ္မည့္ မွန္ျပင္ ေအာက္နားကို ႏွိပ္ျပရင္းေျပာသည္။ ကုမၸဏီ အမည္ ႏွင့္တျခား စာတန္းမ်ား ေပၚလာသည္။ ခန ၾကာေတာ့ ဘာသာစကားေ႐ြးဖို႔ ေပၚလာသည္။ “ျမန္မာ၊ အဂၤလိပ္၊ တ႐ုတ္ သုံးမ်ိဳးရပါတယ္။ အမ ဘယ္ဟာထားခ်င္သလဲ” “အင္း …အင္း..ဂလိပ္” “အမ နာမည္ က ေကေအဝိုင္ တီအိတ္ခ်္အိုင္ လို႔ေပါင္းတာလား” “ဟုတ္… ဟုတ္တယ္။” ေကသီ ေရငတ္သလို အာေခါင္ေတြ ေျခာက္ေနသည္။ ရင္ေတြလည္း တဒိုင္းဒိုင္း ခုန္ေန၏။ ေကာင္မေလးကေတာ့ ေကသီ့ ဖက္ကို လွည့္ေတာင္ မၾကည့္ဘဲ သူလုပ္စရာ ရွိတာလုပ္ေနသည္။ “ရၿပီ၊ အမ ဒီဖက္ လက္ကိုင္ကို ခန ကိုင္ထားပါ။” ကုတင္ႏွင့္ စက္ဘီးၾကားထဲကို ကပ္ကပ္သပ္သပ္တိုးဝင္ၿပီး ဘယ္ဖက္က လက္ကိုင္ကို ခပ္တင္းတင္း ဆုပ္လိုက္သည္။

စိတ္ ထဲမွာ ေခ်ာ္ေနသည္ဟု ထင္မိတာေၾကာင့္ ျပန္လႊတ္ၿပီး လက္ကို တင္ပါး ႏွင့္ ပြတ္လိုက္ရေသးသည္။ မ်က္ႏွာမွာလည္း ေခြၽးေတြ ျပန္လာမွန္း ေကသီသိေန၏။ “ဟုတ္ၿပီ၊ ျပန္လႊတ္လို႔ ရၿပီ အမ၊ လက္ေဗြကို မွတ္ထားလိုက္ၿပီ ဆိုေတာ့ အမတေယာက္ပဲ ဖန္ရွင္ေတြ အကုန္သုံးလို႔ရမယ္။ တျခားလူတက္ထိုင္လည္း နင္း႐ုံ သက္သက္ပဲ ရမယ္။ ဒီမွာ ၾကည့္ အမ၊ ဒါက မန္မိုရီ ၅၀၀ ဂစ္ပါတယ္။ မန္မိုရီ ကဒ္ ထပ္ စိုက္လည္းရတယ္။” ေကာင္မေလးက မွန္ျပင္ေဘးက အံေလးတခုကို တြန္းဖြင့္၍ ကဒ္စိုက္ရမည့္ ေနရာျပသည္။ “ေလာေလာဆယ္ေတာ့ ကုမၸဏီက တခါတည္း ထည့္ေပးလိုက္တဲ့ ႐ုပ္ရွင္ေတြ သီခ်င္းေတြ ပါတယ္။ အမ မႀကိဳက္လဲ ဖ်က္ ပစ္လို႔ ထပ္ထည့္လို႔ရတယ္။ ဒီေထာင့္မွာ ၾကည့္လိုက္အမ” သူျပသည့္ ညာဖက္ ေအာက္နားကို ေကသီၾကည့္လိုက္မိသည္။ “normal နဲ႔ pleasure ဆိုၿပီး ရွိတယ္။ normal ကေတာ့ default ပဲ အမ၊ ပါဝါ အြန္တာနဲ႔ normal မွာ ရွိမယ္။ အမ ေျခနင္း ကို စနင္းတာနဲ႔ speed ရယ္ distant ရယ္ တက္လာလိမ့္မယ္။

ဒီဖက္ pleasure က…” ေကာင္မေလးက ခနရပ္ၿပီး စကၠဴပုံးႀကီးထဲက ေနာက္ထပ္ ဘူးတဘူး ကို ထုတ္လိုက္သည္။ ေကသီ ေျခဖ်ား လက္ဖ်ားေတြ ေအးလာ၏။ “pleasure ကို ေ႐ြးလိုက္ရင္ ထိုင္ခုံ ေအာက္က ငုတ္ေလးတခု ထြက္လာမယ္။” သူေျပာသလိုပင္ ထိုင္ခုံေရွ႕ပိုင္းက ငုတ္တခု အေပၚကို ထိုးထြက္လာသည္။ ေကာင္မေလးက စကၠဴဘူးကို အျပင္က ပတ္ ထားသည့္ ပလပ္စတစ္ေတြကို လက္သည္းႏွင့္ ထိုးေဖာက္ခြာရင္း အနိမ့္အျမင့္ အတက္အက် မရွိသည့္ စာ႐ြတ္သလို အသံမ်ိဳးျဖင့္ ဆက္ရွင္းျပ၏။ “အထဲမွာ ၄ လက္မ က စၿပီး ၅၊ ၆၊ ၇၊ ၈ ငါးေခ်ာင္းပါပါတယ္ရွင့္ ၊ အဲဒါကို ဒီလို” ဗူးထဲက ထြက္လာေသာ ပန္းေရာင္ အေခ်ာင္းႀကီးကို ေကသီ ပါးစပ္ အေဟာင္းသား ႏွင့္ ေၾကာင္ေငးၾကည့္ေနမိသည္။ ေကာင္မေလးကေတာ့ ဘာမွ မထူးျခားသလိုပင္ အဲဒါႀကီးကို ေစာေစာက ငုတ္ထိပ္မွာ စြပ္ၿပီး လွည့္လိုက္ရာ ထပ္ကနဲ အသံ ျမည္သြားသည္။ “အသံျမည္မွ သူက အံက်တယ္။ အသံမၾကားရရင္ေတာ့ ျပန္ျဖဳတ္ၿပီး ျပန္တပ္ပါ။ ဂ်ယ္သုံးခ်င္ရင္လည္း ဒီဘူးထဲမွာပါ ပါတယ္။ ကုန္သြားရင္ အျပင္မွာ ဝယ္လို႔လည္း ရပါတယ္။

သမီးတို႔ ဆီကို မွာရင္လည္း ၂ ဘူးအထက္ဆို ပို႔ေပးပါတယ္။ ျပန္ျဖဳတ္ရင္လည္း ခုနနဲ႔ ေျပာင္းျပန္ လွည့္လိုက္ရင္ ျပဳတ္ထြက္သြားပါလိမ့္မယ္။ ၿပီးရင္ normal ကို ျပန္ေ႐ြးလိုက္ရင္ ဒါက ျပန္ဝင္သြားပါမယ္ ရွင့္။” “ဟို ..ဟိုေလ … သုံးေတာ့ ..သုံးေတာ့” “အမ တက္ထိုင္ၿပီး နင္းလိုက္႐ုံပဲေလ။ အမ နင္းတဲ့ အရွိန္ကို လိုက္ၿပီး သူက လႈပ္မွာပါ။ ေအာ္ ေမ့ေနလို႔” ေကာင္မေလးက ေနာက္ထပ္ ဘူးေသးတခု ဆြဲထုတ္ၿပီး ဖြင့္လိုက္ျပန္သည္။ အထဲက နားက်ပ္တခု ထြက္လာသည္။ ေနာက္ၿပီးေတာ့ ႀကိဳးရွည္ရွည္ ႏွင့္တြဲထားေသာ အမဲေရာင္ ေလစုပ္ခြက္ ခပ္ေသးေသး ႏွစ္ခု။ “ဒီေဘးက အစိမ္းေရာင္ အေပါက္က နားၾကပ္ အတြက္ပါ၊ သီခ်င္းနားေထာင္ဖို႔ ႐ုပ္ရွင္ၾကည့္ဖို႔ သုံးလို႔ ရပါတယ္။ အျပာ ေရာင္က စုပ္ခြက္ အတြက္ပါရွင့္။

စုပ္ခြက္က အတြင္း ဖက္ကို ဂ်ယ္နည္းနည္း ပြတ္ၿပီး သုံးရင္ ပိုေကာင္းပါတယ္။ ႏို႔သီး ေခါင္းမွာ တပ္ၿပီး ထိပ္က ဖုေလးကို ညႇစ္လိုက္ရင္ သူ႔ အလိုလို စုပ္သြားပါလိမ့္မယ္ ရွင့္။ မသုံးလည္း ရေပမယ့္ ဒါတပ္ ထားရင္ အေျခအေနကို ေမာ္နီတာ လုပ္ႏိုင္တာေၾကာင့္ တပ္ျဖစ္ေအာင္ တပ္ဖို႔ေတာ့ ကုမၸဏီက အႀကံျပဳထားပါတယ္။ အမ သိခ်င္တာ မ်ား ရွိပါေသးလား။” “မ ..မ ..မရွိေတာ့ပါဘူး။” လိုအပ္ရင္ မမနီ ဆီ ဖုန္းဆက္ ေမးလို႔ ရႏိုင္ပါသည္။ “ဒါဆို သမီးကို ခြင့္ျပဳပါဦး ရွင့္၊ အားေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။ ဒီပုံးခြံ သမီးယူသြားၿပီး အမႈိက္ပုံးထဲ ထည့္ေပးရ မလား။” ေကသီေခါင္း ညိတ္ျပလိုက္ေတာ့ ေကာင္မေလးက ပုံးခြံႀကီးကို ေျခႏွင့္ နင္း၍ ျပားခ်ပ္သြားေအာင္ ေခါက္ယူၿပီး အခန္ထဲက ထြက္သြားသည္။ သူ႔ကို တံခါး အဖြင့္ အပိတ္ လိုက္လုပ္ေပးသည့္ အခ်ိန္မွာ ေကသီ ေျခေတြ လက္ေတြ တုန္ေနသည္။ တံ ခါးဝကေန ကုတင္ဆီကို ေလွ်ာက္လာရင္း ဒူးေတြ ေခ်ာင္သလို ျဖစ္ေနသည္ကို ခံစားရသည္။

အထူးသျဖင့္ ကိုယ္ ေအာက္ ပိုင္း တေနရာက ခံစားခ်က္တခုက ေကသီ့ကို ဒုကၡေပးေနသည္။ ခုနက ေကာင္မေလး ေရွ႕မွာ ခပ္တည္တည္ႏွင့္ ဟန္လုပ္ေနခဲ့ရေပမယ့္ ဒါက ေကသီမႀကဳံဖူးေသးသည့္ အေၾကာင္းတခု ျဖစ္ပါ သည္။ အ႐ြယ္ေရာက္စကထဲက ေကသီ့ကို ရံဖန္ရံခါ ဒုကၡေပးတတ္သည့္ ခံစားခ်က္တခုက အခု အခ်ိန္မွာ အျပင္း ထန္ဆုံး အရွိန္ျဖင့္ ထိုးႏွက္ေနသည္။ တလႈိက္လႈိက္ေမာေနေသာရင္ကို လက္ႏွင့္ အသာဖိရင္း အိပ္ရာေပၚသို႔ ေကသီ အ ႐ုပ္ႀကိဳးျပတ္လဲက်သြားသည္။ “အဲဒါ ငါရွည္တာ၊ ငါ ဆတ္ေဆာ့တာ၊ ရွာရွည္မိတာ၊ ေအာင္မယ္ေလး ရွက္လိုက္တာ၊ ဒီကေလးေတြ ေနာက္တခါလမ္းမွာ ေတြ႕ရင္ေတာ့ ဒုကၡပဲ” ေမြ႕ယာကို လက္သီးဆုပ္ျဖင့္ အဆက္မျပတ္ထုရင္း ေကသီ တတြတ္တြတ္ ေျပာေနမိသည္။

အမွန္အတိုင္းေျပာရလွ်င္ ေပါင္ၾကားသို႔ ေရာက္သြားေတာ့မည့္ လက္ ႏွင့္ စိတ္ကို ထိန္းေနမိျခင္း ျဖစ္သည္။ ငိုလည္း ငိုခ်င္သလို ျဖစ္လာသည္။ “ကိုယ့္ ဟာကို လက္နဲ႔လဲ အဆင္ေျပေနတာကို၊ ငါ့ႏွယ္ေနာ္” အဲဒီေန႔က ဘီယာ နည္းနည္းမ်ားသြားတာေတာ့ မွတ္မိသည္။ ႐ုံးသမား ဆိုေတာ့ အထိုင္မ်ားလို႔ ေလ့က်င့္ခန္းေလး ဘာ ေလး လုပ္ခ်င္ေၾကာင္း မမနီ ကို ေျပာမိတာ ကလည္း ႐ိုး႐ိုးသားသား ပင္ ျဖစ္သည္။ ဒါေပမယ့္ ဒီစက္ကို ဝယ္ထားဖို႔ မမနီ က တိုက္တြန္းေတာ့ ျပင္းျပင္းထန္ထန္ မျငင္းခဲ့မိတာကိုေတာ့ ခုထိ ကိုယ့္ကိုယ္ကို နားမလည္ေသးပါ။ မမနီ ေသြးထိုးေပး သည့္ အတိုင္း ဖုန္းထဲမွာ ခ်က္ခ်င္းလိုက္ရွာၿပီး ေငြေခ်လိုက္မိတာကလည္း တဒဂၤ မိုက္မဲမႈ သက္သက္လို႔ ထင္ပါသည္။ ေနာက္ေန႔ေတြမွာ ဒီအေၾကာင္းကို ေတြးမိတိုင္း ရင္တဖိုဖို ျဖစ္ရေပမယ့္ ခုေလာက္ႀကီးေတာ့ စိတ္မလႈပ္ရွားမိခဲ့ပါ။ မနက္ ျဖန္က်ရင္ မမနီက တျခားသူေတြၾကားထဲမွာ အက်ိဳးအေၾကာင္း ေမးလာေလမလားလို႔ အေတြးဝင္လာေတာ့ ေကသီ ေငါက္ကနဲ ထထိုင္ၿပီး ဖုန္း ကို လွမ္းယူမိသည္။

“ေရာက္လာၿပီလား ေကသီ” မမနီက ဖုန္းကိုင္လိုက္တာႏွင့္ တန္းေမးသည္။ “ဟုတ္တယ္” ေလးေလးတြဲ႕တြဲ႕ ေကသီ အေျဖစကားကို မမနီက တမ်ိဳးထင္သြားပါသည္။ “အသံကေတာ့ ေလာေလာ လတ္လတ္ စမ္းသပ္ၾကည့္ထားတဲ့ အသံမ်ိဳးပဲ။ အဆင္ေျပတယ္ မဟုတ္လား” “အာ .. မဟုတ္ပါဘူး။ ခုမွ ေရာက္လာၿပီး ဆင္လို႔ ၿပီးတာ ဘယ္လိုလုပ္စမ္းသပ္ရဦးမွာလဲ။ စမ္းလည္း မစမ္းရဲပါဘူး။ ဒီတိုင္း တက္နင္းဖို႔ေတာင္ စိတ္ထဲမရဲ ဘူး ျဖစ္ေနတယ္။” ဟိုဖက္ကေန မမနီ ရယ္ေနတာ ကို ေကသီၾကားရသည္။ “ဘာမွ ေၾကာက္စရာမလိုဘူး၊ အေသးဆုံးက ေနစၿပီး စမ္းၾကည့္လိုက္ ဟားဟား၊ အဆင္ေျပသြားလိမ့္မယ္။ အရွိန္မ်ား သြား ရင္လည္း သူက သတိေပးလိမ့္မယ္။ တို႔လဲ စစခ်င္း ေတာ့ ေၾကာက္တာပဲ၊ ဒါေပမယ့္ ခနေလးပါပဲ။ ခ်က္ခ်င္း အဆင္ေျပ သြားလိမ့္မယ္။ ေနာက္ေတာ့ အားတာနဲ႔ တက္ထိုင္မိေရာ၊ ေယာက္်ားရၿပီးတာေတာင္ တခါတေလ တက္နင္းမိေသး တယ္။ ဆက္သာလုပ္ညီမေလး။” မမနီ ဖုန္းခ်သြားတာေၾကာင့္ ေကသီ ဘာမွျပန္မေျပာလိုက္ရ။

ဟိုတရက္ကလို ဘီယာမူးေနရင္ေတာ့ မမနီ ႏွင့္ ဒီ အ ေၾကာင္းေတြကို တခုခုေတာ့ အေခ်အတင္ေျပာျဖစ္လိမ့္မည္ ထင္သည္။ အခုကေတာ့ ဘာေတြေျပာရ ေမးရမလဲ ဆိုတာ ကိုေတာင္ ေကသီ မသိပါ။ မမနီက ေျမႇာက္ေပးေတာ့ ေကသီ့ဖက္က ျပတ္ျပတ္သား သား မျငင္းဆန္ႏိုင္ခဲ့ပါ။ တခါတေလ ေပၚလာတတ္သည့္ စိတ္ ဆႏၵေတြကို ခြၽန္းအုပ္ရတာ ဘယ္ေလာက္ခက္ေၾကာင္း မသိစိတ္ က သိေနေသာေၾကာင့္ ျဖစ္မည္ ထင္သည္။ အမွန္ အတိုင္းေျပာရရင္ မမနီ ကိုယ္တိုင္ေတာင္ မသိေပမယ့္ မမနီဆီက ေက သီ တိတ္တခိုး သင္ယူခဲ့မိတာ ေတြအမ်ားႀကီး ရွိသည္။ အေသြးအသားေၾကာင့္ ျဖစ္ရသည့္ စိတ္ဆႏၶကို မလိုအပ္ဘဲ တရားလြန္ ထိန္းခ်ဳပ္ျခင္းက မေကာင္း ဆိုသည့္ အေတြးကို မမနီေၾကာင့္ ေကသီရခဲ့သည္။ “တခ်ိဳ႕ အပ်ိဳႀကီးေတြ ေဂါက္ကုန္ၾကတဲ့ အထဲမွာ အဲဒါေၾကာင့္ အမ်ားႀကီးပါတယ္။ တခ်ိဳ႕က မတရားထိန္းလြန္းတယ္။ အဲဒီ စိတ္ကို ဖိလြန္းရင္ ထိန္းမႏိုင္သိမ္းမရ နသိုးႀကိဳးျပတ္ ျဖစ္ခ်င္ျဖစ္၊ မျဖစ္ရင္ ေဂါက္ကေရာ၊ လိုခ်င္လြန္းလို႔ အစြန္းေရာက္ၿပီး ေဂါက္ တာေတြလဲ ရွိတာေပါ့ေလ။

အဲဒါကို လူေတြက လင္တ႐ူး ဆိုၿပီး အကုန္သိမ္းက်ဳံး ထင္ေနၾကတာ၊ အမွန္က မတူ ဘူး။ ဒါေပမယ့္ သဘာဝကို လက္ခံရင္ တသက္လုံး အပ်ိဳႀကီး လုပ္လည္း အေမေပးတဲ့ လယ္တကြက္ေၾကာင့္ ျပႆနာ ျဖစ္ မွာမဟုတ္ဘူး။” ဟု မမနီက ေကသီတို႔ကို ပို႔ခ်ခဲ့သည္။ ထို႔ေၾကာင့္ သဘာဝတရားကို လက္ခံဖို႔ ေကသီဆုံး ျဖတ္ခဲ့သည္။ အရင္က အမွတ္တမဲ့လိုလို ကိုယ့္ကိုယ္ကို ညာရင္း လက္နဲ႔ မထိတထိပြတ္၍ စိတ္ေျဖမႈမ်ိဳး ရွိခဲ့ ဖူးေပမယ့္ မမနီႏွင့္ ေပါင္းမိ ၿပီးေနာက္မွာ စိတ္ရွင္းရွင္းႏွင့္ အခ်ိန္ယူလုပ္တတ္လာသည္။ အိမ္ေထာင္သည္ တေယာက္ ျဖစ္သည့္ မမနီက ပြင့္လင္း သည္။ ေကသီတို႔လို အငယ္ေတြကို သူ႔အေတြ႕ အႀကဳံ သူ႔ခံစားမႈေတြ အေၾကာင္း ဘြင္းဘြင္းရွင္းရွင္း ပင္ေျပာျပတတ္သည္။ တခ်ိဳ႕ မိန္းကေလး ေတြက မမနီကို သူတို႔ ကိစၥေတြ ေျပာဆို အႀကံေတာင္းၾကတာကို ေဘးကေန နားေထာင္ရင္း ေကသီ လည္း အဆင့္ေတြ တက္လာခဲ့ရသည္။ အခုဆိုရင္ တပတ္ကို အနည္းဆုံး ၂ ႀကိမ္ေလာက္ေတာ့ အိပ္ယာေပၚမွာ ဒါမွမ ဟုတ္ေရခ်ိဳးခန္းထဲမွာ ကိုယ္လုံးတီးႏွင့္ စိတ္လြတ္လက္လြတ္ က်က်နန အာသာေျဖမိသည့္ အေျခအေနသို႔ ေကသီေရာက္ လာသည္။

လုပ္ေဖာ္ကိုင္ဖက္ အခ်ိဳ႕၊ သူငယ္ခ်င္း အခ်ိဳ႕က က်ားအဂၤါ အတုေတြ သုံးၾကေၾကာင္း ရိပ္မိသိရွိေနေပမယ့္ အဲဒီ ေလာက္ အထိေတာ့ ေကသီ အဆင့္ မတက္ရဲေသးပါ။ ဒါေပမယ့္ အခုေတာ့လည္း စိတ္လိုက္မာန္ပါ မွာမိခဲ့သည့္ စက္တလုံးက အိပ္ရာေဘးတြင္ ေရာက္ေနၿပီ ျဖစ္သည္။ ေကသီ ဒယီးဒယိုင္ျဖင့္ အိပ္ယာမွ က်ဳံးထလိုက္ၿပီး အသက္ကို ျပင္းျပင္း တခ်က္ရႈလိုက္၍ စက္ကို ပါဝါဖြင့္လိုက္သည္။ ထို႔ေနာက္ တုန္ရီေသာ လက္ေတြႏွင့္ ဟိုေကာင္မေလး ျပထားသည့္ အတိုင္း လက္ကိုင္ကို ေခြၽးစိုေနေသာလက္မ်ားျဖင့္ တင္းတင္း ကိုင္လိုက္ခ်ိန္တြင္ မွန္ျပင္၌ “Welcome back Kay Thi” ဆိုသည့္ စာသားေပၚလာ၏။ အလန႔္တၾကားျဖင့္ လက္ကိုျပန္ လႊတ္လိုက္ၿပီး ေကသီေတြေတြေလး ရပ္ေနမိ၏။ မ်က္စိကို မွိတ္၍ ခ်ည္တုံ ခ်တုံ ျဖစ္ေနရင္း “ခ်က္ခ်င္း အဆင္ေျပသြားမွာ ပါ” ဆိုေသာ မမနီစကားကို ျပန္ၾကားေယာင္မိသည့္ အခါ လက္က အလိုလို အက်ၤ ီဇစ္ဆီသို႔ ေရာက္သြားသည္။ “ဘာမွ မေတြးေတာ့ဘူး။” စိတ္မရွည္သလို ေဆာင့္ႀကီး ေအာင့္ႀကီးေျပာလိုက္ရင္း ဇစ္ကို ဆြဲျဖဳတ္လိုက္မိ၏။

ထိုေနာက္ ရွီကနဲ အသံရွည္တခုႏွင့္ အတူ ေကသီ့ စကပ္လည္း ၾကမ္းျပင္ေပၚသို႔ ပုံက်သြားသည္။ အတြင္းခံ ၂ ခုလည္း ခနခ်င္းပင္ အိပ္ယာေပၚသို႔ေရာက္ သြား၏။ ထို႔ေနာက္ ခုန ေကာင္မေလးက အေခ်ာင္း ၅ ေခ်ာင္းပါသည္ ဆိုေသာ ဗူးကို ကေသာ ကေမ်ာ ဖြင့္ မိသည္။ လက္တုန္ေနေသာေၾကာင့္ အားလုံး အိပ္ယာေပၚျပဳတ္က်ကုန္သည္။ အစဥ္လိုက္ စီထားတာလည္း ပ်က္သြား၍ အိပ္ယာ ေပၚတြင္ ျပန္ခ်စီၿပီး အေသးဆုံးကို ေ႐ြးထုတ္လိုက္သည္။ မွန္ျပင္ေပၚက Pleasure ကို ဖိလိုက္ေတာ့ ထိုင္ခုံမွာ ငုတ္က ေလး ထြက္လာသည္။ ေခြၽးေစးေတြႏွင့္ လက္ေခ်ာ္ေနေသာေၾကာင့္ ဟိုေကာင္မေလး ေျပာသလို ခ်ပ္ ကနဲ အသံျမည္ၿပီး အံက် သြားေအာင္ သုံးေလးႀကိမ္ ႀကိဳးစားလိုက္ရသည္။ ၿပီးမွ တဖန္ ေရေဆးဖို႔ စိတ္ကူးရတာေၾကာင့္ ကပ်ာကယာ ျပန္ျဖဳတ္ၿပီး ေရေျပးေဆးရသည္။ ေရလုံးဝ ေျခာက္သြားေအာင္ တစ္သွ်ဴးႏွင့္ ေသေသခ်ာခ်ာ သုတ္ရ ျပန္သည္။ ေယာက္်ား အဂၤါ ႏွင့္ တပုံစံတည္း တူေအာင္လုပ္ထားသည့္ အေခ်ာင္းေလးကို ပယ္ပယ္နယ္နယ္ ကိုင္တြယ္ကာ ေရေဆး ရ၊ သုတ္ရ လုပ္ေနရင္း ေကသီ့ရင္ေတြ တဝုန္းဝုန္းခုန္ေနသည္။

လည္ေခ်ာင္းေတြလည္း ေျခာက္ေသြ႕အက္ကြဲလာသလို ခံ စားရသည္။ ဘာမွန္း မသိသည့္ တစုံတရာကို အာသာငမ္းငမ္း လိုခ်င္စိတ္ေတြလည္း ျဖစ္ေနသည္။ အေခ်ာင္းကို ေနရာတက်တပ္ၿပီးေတာ့ လိုလိုမယ္မယ္ ဂ်ယ္ ခပ္မ်ားမ်ား သုတ္လိုက္သည္။ ထို႔ေနာက္ ေကာင္မေလး ေျပာ သည့္ အတိုင္း ႏို႔သီးထိပ္ဖ်ားမွာ စုပ္ခြက္ေတြ တပ္လိုက္ၿပီး ပင္ထိုးသည္။ ေကသီ ေခါင္းထဲမွာ မူးေနသည္။ ရင္သားထိပ္ ဖ်ားက တင္းတင္းက်ပ္က်ပ္ ခံစားမႈက တကိုယ္လုံးကို ပ်ံ႕ ႏွံေနသလို ပင္။ စက္ေပၚကိုတက္လိုက္ေတာ့ ဒူးေတြ တုန္ေနသည္။ ဘာမွလည္း မလုပ္ရေသးဘဲႏွင့္ လႈိက္လႈိက္ၿပီးေတာ့ ေမာေနသည္။ အႀကီးဆုံး အ႐ြယ္အစားအေနျဖင့္ လက္ခလယ္ေလာက္သာ ဝင္ဖူးသည့္ အေပါက္ကေလးထဲသို႔ ရာဘာေခ်ာင္းကို ထည့္ဖို႔ ေကသီ႐ုတ္တရက္ စိတ္မွာမရဲပါ။ အေသးဆုံးဆိုေပမယ့္ ေကသီ့လက္ခလယ္ထက္ေတာ့ ဒီအေခ်ာင္းက မ်ားစြာႀကီးေန ပါသည္။

မရည္႐ြယ္ပါဘဲႏွင့္ လက္က တြင္းဝဆီေရာက္သြားေတာ့ မႀကဳံဖူးေလာက္ေအာင္ ႐ႊဲ႐ႊဲစိုေနတာကို စမ္းလိုက္မိ သည္။ ခါတိုင္းဆိုရင္ လက္ႏွင့္ ေတာ္ေတာ္ၾကာၾကာေလး လုပ္ၿပီးမွ ေရာက္လာရမည့္ အေနအထားမ်ိဳး ျဖစ္ပါသည္။ သက္ျပင္းႀကီးတခုကို ေလးေလးပင္ပင္ ခ်လိုက္ၿပီးေနာက္ အသက္ကိုေအာင့္၍ အဝတြင္ေတ့ထားလိုက္ၿပီး ေကသီဖိထိုင္ ခ် လိုက္သည္။ ေကသီ့ ညီမေလးက စူပါ အဆင့္ေရာက္ေအာင္စို႐ႊဲေနသည့္ အျပင္ ဂ်ယ္ေတြလည္း ေတာ္ေတာ္မ်ားမ်ား လိမ္း ထားလို႔ ထင္သေလာက္ေတာ့ မနာပါ။ ဒါေပမယ့္ တင္းက်ပ္သည့္ ခံစားမႈတခုက ဝမ္းဗိုက္မွသည္ ရင္ေခါင္းအထိ ေပါင္တံ ေတြ တေလွ်ာက္မွသည္ ဒူးအထိေရာက္သြား၏။ ေကသီ့ ဒူးေတြ တဆတ္ဆတ္တုန္လာသည္။

ေကသီတခါမွ မၾကားဖူး သည့္ အသံတခုက ရင္ေခါင္းမွေန၍ ေျခာက္ကပ္ေနေသာ လည္ေခ်ာင္းကို ျဖတ္သန္း ထြက္က်လာ၏။ တင္ပါး ၂ ခုက ထိုင္ခုံႏွင့္ ထိသည့္ အခ်ိန္တြင္ ေကသီ့ လက္ေတြ တဆတ္ဆတ္တုန္လာသည္။ ကိုယ္ေအာက္ပိုင္းမွာ ျဖစ္ေနရသည့္ ေဝဒနာႏွင့္ ရင္တြင္းက ခံစားမႈမ်ိဳးကို တခါမွ မႀကဳံဖူး မေတြးၾကည့္ဖူးတာ အမွန္ပင္ျဖစ္သည္။ ခံစားရခက္ သည့္ ေဝဒနာကေန ေရွာင္ႏိုင္ရန္ စက္ေပၚကေန ျပန္ဆင္းဖို႔ ေကသီ မေတြးမိေတာ့ပါ။

အံကို တင္းတင္းႀကိတ္လိုက္ရင္း ေျခနင္းတဖက္ကို နင္းခ်လိုက္မိသည္။ အတြင္းသားႏုႏုေလးေတြကိ ပြတ္တိုက္ၿပီး အေခ်ာင္းႀကီး ျပန္ထြက္သြားေသာ အခါ ေကသီ့ရင္ထဲမွာ တလွပ္လွပ္ျဖစ္သြား သည္။ ေျခနင္းတပတ္လည္၍ အေခ်ာင္းျပန္တက္လာခ်ိန္တြင္ တနင့္နင့္ ခံစားမႈတခု ေၾကာင့္ ေကသီ အသံထြက္ညည္း လိုက္မိသည္။ အားစိုက္၍ တပတ္ခ်င္း ခပ္ေျဖးေျဖးနင္းရင္း ေကသီငိုခ်င္လာသည္။ မ်က္ရည္မက်ေပမယ့္ ရႈိက္မိသည္။ ညည္းမိသည္။ တျဖည္းျဖည္းႏွင့္ ျမန္ျမန္ေလး နင္းမိသည္ကိုလည္း သတိမမူမိေတာ့ပါ။ အခန္းက်ဥ္းေလးထဲမွာ ေက သီ့ ညီးသံ ရႈိက္သံေတြ ႏွင့္ တစထက္တစ ပိုဆူလာသည္။ လက္ကိုင္ကို ေကသီတင္းတင္း ဆုပ္ထား၏။ အေခ်ာင္း ျမင့္တက္လာသည့္ အခ်ိန္တြင္ လူပါ အေပၚကို ေျမာက္တက္ မသြားေအာင္ သူ၏ တင္ပါးေတြက ထိုင္ခုံႏွင့္ ထိၿပီး ျပားကပ္သြားသည္အထိ အေပၚကေနဖိထားမိသည္။ ေကသီအရမ္း ေမာပါသည္။ ဒါေပမယ့္ နင္းေနတာကို ရပ္ဖို႔ ေခါင္းထဲ မေရာက္ပါ။ ေျခနင္းကို တပတ္ၿပီးတပတ္လည္ေအာင္ ဆက္ခါ ဆက္ခါ နင္းေနဖို႔ပဲ သိသည္။

အတြင္းသားေတြက နာသည္။ ဒါေပမယ့္ မခံမရပ္ႏိုင္ေလာက္ေအာင္ နာက်င္ျခင္းမ်ိဳးမဟုတ္။ နင့္ကနဲနင့္ကနဲ ခံစားမႈက ေကသီ့တကိုယ္လုံးကို တဆတ္ဆတ္တုန္ခါေစ၏။ ေလေပြလႈိင္းတခုကို စီးမိေနသလို ေကသီ့ စိတ္က နိမ့္လိုက္ ျမင့္လိုက္ တရစ္ရစ္ႏွင့္လည္ေနသည္။ ေပါင္ၾကားထဲက ဘယ္လိုမွန္း မသိသည့္ ခံစားမႈက ေသြးေၾကာေတြ အတိုင္း တကိုယ္လုံသို႔ ပ်ံ႕ႏွံ႔ စီးဆင္းေနသည္ဟု ထင္သည္။ အသက္ ကို ပင္ပန္းႀကီးစြာ ရႉရင္း ထိုခံစားမႈေနာက္ သို႔လိုက္ေနမိသည္။ ထိုအရာကို အမိအရဖမ္းလိုက္ႏိုင္ရင္ ေကသီ့အတြက္ တခု ခု ရေတာ့မလို အသိမ်ိဳးျဖင့္ လိုက္ဖမ္းမိသည္။ ရင္သားထိပ္ဖ်ားက တင္းက်ပ္မႈကလည္း ေကသီ့ကို မြတ္သိပ္မႈတခု ေပး ေနသည္။ ပါးစပ္က ဘာသံေတြ ထြက္ၿပီး ဘာေတြ ေျပာေနမိမွန္းလည္း ေကသီ မသိပါ။ ထို႔ေနာက္ လႈိက္ကနဲလႈိက္ကနဲ ခံစားမႈတခု ကတကိုယ္လုံးသို႔ လႈိင္းဂယက္လို ပ်ံ႕ ႏွံ႔သြားသည္။ တႀကိမ္တည္းတဟုတ္။ ေရျပင္သို႔ ခဲပစ္ခ်လိုက္ေသာ လႈိင္းဂယက္မ်ား တလိမ့္လိမ့္ ျပန႔္ကားသြားသလို တလိပ္လိပ္ ႏွင့္ ပ်ံ႕ႏွံ႔သြားျခင္း ျဖစ္သည္။ ေျခနင္းကို တပတ္ၿပီး တပတ္နင္းေနေသာ ေျခ ေထာက္ေတြက အလိုလို ရပ္တန႔္သြားရ၏။

မ်က္လုံးေတြ ေမွးစင္းက်သြားၿပီး ႏႈတ္ခမ္းႏွင့္ ေမး႐ိုးေတြက တဖက္ဖက္ကို ေစာင္း႐ြဲ႕သြားလို ခံစားလိုက္ရသည္။ ႀကီးမားရွည္လ်ားေသာ ညည္းသံတခု ျပဳလိုက္မိရင္း လက္ကိုင္ေပၚသို႔ ေကသီေမွာက္က်သြားသည္။ ေမာပန္းျခင္း၊ ႏြမ္းလ် ျခင္း ထို႔ေနာက္ အဲဒါေတြ ေနာက္ကြယ္က ဘာမွန္းမသိေသာ ျပည့္စုံမႈတခု။ ေကသီ့ တကိုယ္လုံးမွာ အားအင္ေတြ အကုန္ ေပ်ာက္ဆုံးကုန္သည္။ “ကြန္ဂရက္က်ဴေလး ရွင္း ေကသီ၊ စတင္ၿပီး ၇မိနစ္နဲ႔ ၄၃ စကၠန႔္မွာ အထြဋ္ အထိပ္ကို ရခဲ့ပါတယ္။ ပ်မ္းမွ် အရွိန္ တနာရီကို ၁၄ ဒႆမ ၅ ကီလိုမီတာ ျဖစ္ၿပီးေတာ့ ကယ္လိုရီ ၄၀ ေလာင္ကြၽမ္းခဲ့ပါတယ္။” အဂၤလိပ္ဘာသာျဖင့္ စက္က ေျပာလာသည့္ အသံက ဟိုအေဝးႀကီးမွ လာေနသလိုလိုပင္……ၿပီး။

Leave a comment

Your email address will not be published.