ကလဲ့စား အချစ်

ကလဲ့စား အချစ် လေးပင်နေသောစိတ်နှင့်အတူ နောင်နောင်တစ်ယောက် ခုံတန်းလေးမှာထိုင်နေသည်။ မန္တလေးသို့ ပြန်ရမည့်အချိန်က စောနေသေးသည်။ ကားထွက်ချိန်က မတိုင်သေး။ တစ်နာရီခန့် လိုနေသေးသည်။ တောင်စဉ်ရေမရ တွေးနေသောအတွေးများထဲတွင် စောနန်းငယ် အကြောင်းက ထိပ်ဆုံးက ပါသည်။ သူမှားများမှားသွားပြီလားလို့ စဉ်းစားနေသည်။ တကယ်တော့ စောနန်းငယ်က မြေစာပင်ဖြစ်ရခြင်းသာ။ စောနန်းငယ်ကို သနားမိသော်လည်း စောနန်းငယ်၏ အစ်ကိုဖြစ်သူ တိုးဝေအောင်အကြောင်းကို စဉ်းစားမိလိုက်လျှင် စောနန်းငယ်ကို သနားသောစိတ်တွေက ဘယ်ရောက်သွားမှန်းမသိ။ ” ဟုတ်တယ်…ငါဒီလိုလုပ်တာမှန်တယ်…..။ ” ကိုယ့်ကိုကိုယ် ဖြေတွေးနေမိပါတယ်။တိုးဝေအောင်အကြောင်းကို တွေးမိလျင် သူ့သွေးတွေဆူပွတ်လာသလို ခံစားရသည်။ ဒီလူယုတ်မာကြောင့် သူ့ညီမလေး မေမြတ်ဘ၀ ရေတိမ်မှာနစ်ခဲ့ရသည်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အရှက်တကွဲအကျိုးနည်း ဖြစ်ခဲ့ရသည်။ ဒီအတွက် တိုးဝေအောင်သည်လည်း သူ့ပတ်ဝန်းကျင်သူ့အသိုင်းအဝိုင်းမှာ အရှက်တကွဲအကျိုးနည်းဖြစ်ကိုဖြစ်စေရမည်။ သူ့စိတ်တွေပျော့ညံ့လို့မဖြစ်။ ပျော့ညံ့နေလျှင် သူရှုံးသွားလိမ့်မည်။ ဒီပွဲမှာငါနိုင်တယ်…ငါနိုင်တယ်လို့.သူတိုးတိုးလေးရေရွက်လိုက်သည်။… Continue reading ကလဲ့စား အချစ်

ကြီးတာသေးတာ အရေးမကြီးပါဘူးမောင်

ကြီးတာသေးတာ အရေးမကြီးပါဘူးမောင် (စ/ဆုံး) အော်……ကိုလတ်ဇင်လား…..ဘယ်သူမှမရောက်ကြသေးဘူး စပယ်ပဲရောက်သေးတာ” အလိုက်သင့်ပြန်ဖြေရင်းသူ့ကိုအကဲခတ်ကြည့်လိုက်တယ်။သူက အွန်လိုင်းကနေ ခင်မင်ခဲ့တဲ့ ကျွန်မသူငယ်ချင်းပါ။ မနေ့တနေ့ကမှ နိုင်ငံခြားက ပြန်ရောက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ဖို့ ချိန်းထားလို့ ကျွန်မလည်း ဒီဆိုင်ကိုရောက်နေတာ။ ဓာတ်ပုံတွေမြင်ဖူးထားပေမဲ့ ရုတ်တရက်အပြင်မှာဆိုတော့ ကျွန်မဘယ်မှတ်မိပါ့မလဲ။ သူကတော့ ကျွန်မကို တန်းပြီးမှတ်မိတဲ့အပြင် အရင်တည်းက အပြင်မှာခင်ဖူးတဲ့သူငယ်ချင်းလို ရင်းရင်းနှီးနှီးစကားတွေဘာတွေပြောရင်း အေးဆေးပါပဲ။ နှစ်ယောက်သား မှာထားတဲ့အအေးတွေရတော့ စားပွဲတစ်ခုမှာဝင်ထိုင်လိုက်ကြတယ်။ “ဟဲဟဲ ကိုလတ်ဇင်က စပယ့်ကို တန်းမှတ်မိတာပဲနော်…စပယ်က မှတ်မိဝူးတော့်” စပ်ဖြဲဖြဲနဲ့ကျွန်မပြောတော့ သူက “ မှတ်မိတာပေါ့ဟ ဓာတ်ပုံတွေဒီလောက်မြင်ဖူးနေတာ နင်ကအပြင်မှာလည်း ဒီရုပ်ပဲကို “ ကျွန်မရှက်ပြုံးလေးပြုံးမိတယ်။ အွန်ုလိုင်းမှာဓာတ်ပုံတင်ရင် လှလှပပပြင်ဆင်ပြီး ရိုက် ပြီးတော့မှအလှဆုံးပုံကိုရွေးပြီးတင်တာလေ။ အဲတာကိုအပြင်နဲ့တူတူပဲပြောတော့ပျော်တာပေါ့နော် ။ခနကြာတော့ ချိန်းထားတဲ့သူငယ်ချင်းတွေရောက်လာပြီမို့ ကျွန်မတို့ အင်းလျားကန်ဘောင်ဘက်ကို ထွက်လာခဲ့ကြတယ်။ သူငယ်ချင်းတွေက… Continue reading ကြီးတာသေးတာ အရေးမကြီးပါဘူးမောင်