ခေးကိုအထင်သေးသွားပြီလား

ခေးကိုအထင်သေးသွားပြီလား ကလင်…ကလင်…ကလင်…ကလင်’ အလုပ်တက်ဘဲလ်သံနဲ့အတူ လုပ်ငန်းခွင်သို့ အပြေးလေးလှမ်း ဝင်ခဲ့ပြီး တနေ့တာအလုပ်ခွင်ကိုစတင်လိုက်ပါသည်။ အော်မေ့နေလို့ ကျနော့်နာမည်နဲ့ မိတ်လိုက် အဲလေ မိတ်ဆက်ပေးရဦးမှာပဲ ကျနော်နာမည်က ‘မိုးမခ’ ခင်မင်သူအများစုကတော့ ကိုမိုးပဲခေါ်ကြတာပေါ့ သချာၤနဲ့ကျောင်းပြီးထားပြီး ရေသန့်စက် ရုံလေးတခုမှာ လခစား ဝန်ထမ်းလေးတဦးပေါ့ဗျာ……… ဒီအလုပ်မှာကျနော်လုပ်တာ၅နှစ်လောက်တော့ရှိပြီ ဒါပေမဲ့ စွန်တော့မစွန်သေးဘူး (ကြွားတာ)… ဒီနေ့တော့အလုပ်သမားလိုအပ်ချက်အရ အင်တာဗျူးခေါ်ထားလို့စက်ရုံအပြင်မှာပွဲတော်ကြီးဖြစ် နေပြီလေ မန်နေဂျာကဗျူး ကိုယ်ကဘူးပေါ့ ဟဟ အဲပြောရင်းနဲ့ ချာတိတ်လေးတဘွေ ရုံးခန်း ထဲဝင်လာပြီး မန်နေဂျာကြီးကစမေးနေပါပြီ……… ’သမီးနာမည်က’……’သန္တာ ပါဆရာ’……’သမီးအသက်က ၁၇နှစ်ပဲရှိသေးတာပဲ……ကျောင်းဆက်မတက်ပဲဘာလို့အလုပ်လာလုပ်တာလဲ’ ……’သမီးက အဖွားနဲ့နေရတာပါ ဆရာ…အလုပ်မလုပ်ရင်အဆင်မပြေတော့လို့ အိမ်နားကအဒေါ် တယောက်ကဒီမှာအလုပ်ခေါ်နေတယ် သူပြောပေးမယ်ဆိုလို့ လာခဲ့တာပါ ဆရာ’………အေးပါကွယ် ဒီမှာကမိသားစုစက်ရုံ သဘောမျိုုးလုပ်နေကြတာပါ သမီးလုပ်နိုင်မယ်ဆိုရင် ဦးတို့ဘက်ကပြန်ဆက်သွယ်ပေးပါ့မယ်နော်……ဟုတ်ကျေးဇူးတင်ပါတယ် ဆရာ……အေးအေးပြန်လို့ရပြီသမီး ညနေ သမီးအိမ်နားကအဒေါ်နဲ့ အကြောင်းပြန်ပေးလိုက်မယ်နော်……… Continue reading ခေးကိုအထင်သေးသွားပြီလား