စွဲလမ်းနေတာ

စွဲလမ်းနေတာ ကျုံတညီ”ရွာကြီးက အိမ်ခြေ ၇၀၀ နီးပါးရှိပြီး မြို့မကျ တောမကျ ဒိုင်နယ်ရ ွာကြီးတရွာ ဖြစ်လေသည်။ရ ွာကြီးက အရှေ့ဖက်ကို မျက်နှာမူ၍တောင်မြောက်သ ွယ်တန်းထားသော ရွာလမ်းမကြီးသုံးလမ်းရှိလေသည်။ ရွာဓလေ့အရ အရှေ့ဖက်ဆုံးမှ ရွာလမ်းမကြီးဖက်ကို အရှေ့ပိုင်းဟုခေါ်ဝေါ်ကြပြီး နောက်ဖက်ဆုံးရှိရွာလမ်းမကြီးအပိုင်းကိုတော့ အနောက်ပိုင်းဟုခေါ်၍ အလယ်ရှိရ ွာလမ်းမကြီးအပိုင်းကိုတော့အလယ်ပိုင်းဟု ခေါ်လေသည်။ အလယ်ပိုင်းဟုခေါ်သော ရွာအလယ်လမ်းမကြီးတ ွင်အခြားလမ်းမကြီး များနည်းတူလူနေအိမ်များမှာကိုယ့်ခြံကိုယ့်ဝန်းဖြင့်ဆက်တိုက်တည်ရှိနေပြီး တနေရာတ ွင်တော့လူနေအိမ်ခြံဝန်းနှစ်ခုကြားတ ွင်လူနေအဆောက်အဦးမရှိသော မြေက ွက်လပ်ကြီးတခုရှိနေလေသည်။ ထိုမြေက ွက်လပ်ကြီးမှာ ရွာရှိလူငယ်လူရွယ်များနှင့်ကလေးများ ကောင်းစွာအသုံးချခြင်းကို ခံနေရလေသည်။လူငယ်လူရ ွယ်များက ဘောလုံးဘောလီဘော ပိုက်ကျော်ခြင်း ကစားကြရန်အသုံးပြုသက ဲ့သို့ ကလေးများကလည်း တုတ်စီးထိုး ဖန်ခုံ ဒိုးပစ်ကစားရန်ကောင်းကောင်းကြီး အသုံးပြုလျက်ရှိလေသည်။ ကလေးသံများက ထိုမြေက ွက်လပ်တ ွင်တနေကုန်မစဲတတ်။မွန်းတည့် နှင့်နေမွန်းလ ွဲကာစ နေပြင်းသောအချိန်လောက်သာ… Continue reading စွဲလမ်းနေတာ