တခါတလေ

တခါတလေ ကျနော်ဒီစက်ရုံရောက်ပီး ၅ လလောက်အကြာမှာ သူမတို့အတွဲ ရောက်လာပါတယ်..သူမနာမည်က စွန်းတဲ့ မြန်မာလို လိမ္မော်သီးပေါ့.. ထိုင်းတွေရဲ့ ထုံးစံအတိုင်း မင်္ဂလာမဆောင်ရသေးပဲ အတူ့နေ ပိုက်ဆံအတူစုပီးမှ မင်္ဂလာဆောင်ပီးမှ လင်မယားအရာရောက်တာမို့ ကြားထဲမှာ ပြတ်သွားပီး အသစ်ရှာကြလည်း တော်ရုံ ဂရုမစိုက်ကြပုရယ်… ရောက်ပီးမကြာပါပု တစက်ရုံလုံးရဲ့ တဦးထဲသော မြန်မာလူမျိုး ကျနော်နဲ့ ခင်သွားပီး လက်ဖက်သုတ်ကို မပီကလာပီကလာပြောပီး ကြိုက်တတ်လာသလို သနပ်ခါးလည်း လိမ်းတတ်လာတယ်…ကျနော်နဲ့ ငါးအတူမျှား ဘူဖေးသွားစားတယ်.. ဖဲရိုက်တယ်လေ… သူ့ဘဲက ကျနော်တို့ ဖဲရိုက်နေရင် ဘီယာမူးနေတာ များတယ်… ကြာလာလေ ရင်းနှီးမှုပိုလာတော့ မထိတထိလေး တွေပြောလာတယ် နောက်ပိုင်း အစအနောက်သန်တဲ့ ကျနော့်အကြောင်း ပိုသိလာတော့ ပိုရဲတင်းပီး ပေါက်ကရတွေ ပြောလာတယ်လေ … ကျနော်တို့ စက်ရုံမှာလည်း သူတစ်ယောက်ပဲ… Continue reading တခါတလေ