တသိမ့်သိမ့်

တသိမ့်သိမ့် အဖုံးဖွင့်ထားသော လေးထောင့်သံပုံး၏ အဝတွင် သစ်သားတုတ် ကန့်လန့်ခံကာ ချိတ်ဖြင့် ချိတ်..တံပိုးဖြင့် ထမ်းလာခဲ့သော ရေအပြည့်ပါသည့် သံပုံးနှစ်ပုံးကို ရင်မောင်သည် သူ၏ လက်နှစ်ဖက်ဖြင့် အသာထိန်းပြီး ဒူးနှစ်ဖက်ကွေးကာ မြေပေါ်ကို ချလိုက်၏ ။ ပြီးတော့ ပုံးနှစ်ပုံးတွင် ချိတ်ထားတဲ့ ချိတ်နှစ်ချိတ်ကို ဖြုတ်လိုက်ပြီး သူ၏ ပုခုံးပေါ်မှ တံပိုးကို လက်နှစ်ဖက်ဖြင့် ယူပြီး အနီးရှိ အုန်းပင်မြစ်အုံကြီးတွင် မှီကာ ထောင်လို့ ထားလိုက်၏ ။ပြီးတော့ ရေအပြဘ့်ပါလာသော သံပုံးနှစ်ပုံး အတွင်းမှ ရေများကို ရင်မောင်သည် တပုံးချင်းမပြီး အနီးရှိ ဒီဇယ်ပေပါကို ထက်ပိုင်း ဖြတ်ထားသော စည်ပိုင်းဖြတ် အတွင်းသို့ လောင်းပြီး ထည့်လိုက်၏ ။ ရင်မောင် ထမ်းလာသော သံပုံးနှစ်ပုံးအတွင်းမှ ရေများ ကုန်သောအခါတွင်… Continue reading တသိမ့်သိမ့်