ထပ်မံခံစားရပြန်သည်

ထပ်မံခံစားရပြန်သည် ဟော… ကိုထွန်းထွန်းပါလား၊ ဘယ်တုန်းကရောက်လဲ…”“တပတ်လောက်ရှိပြီဗျ…၊ သင်တန်းလာတက်တာ…”“ဘယ်တော့ပြန်မှာလဲ…”“သဘက်ခါ…”“ဒါဆိုအတော်ပဲ၊ ကျွန်တော်လူကြုံရှာနေတာဗျ၊ ခင့်ကို တယောက်တည်းဒီမှာထားခဲ့ရမှာမို့ နောက်ဆံငင်နေတုန်း ခင်ဗျားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရတော့ အဆင်ပြေသွားတာပေါ့၊ ဟုတ်ဘူးလားခင်၊ခင်လည်း သန်ဘက်ခါပြန်မှာ။ ခင်ဗျား ဒီမှာပဲ တည်း နေတာလား”“ဟုတ်တယ်၊ ဝမ်းဆဲဗင်းတူးဝမ်းမှာ…”“ကျွန်တော်တို့က တူးအိုသရီးနိုင်း…။ ခင်ဗျားရောက်တာ ကြာပြီလား”“၁၅ရက်ရှိပြီဗျ”“ကျွန်တော်တို့က ၅ရက်ရှိပြီ။ မဆုံဘူးနော်။ အေးဗျာ၊ အခုတော့ ခင့်အတွက် စိတ်အေးရတာပေါ့။ ဒီလို ကိုထွန်းထွန်းရေ၊ ကျွန်တော်တို့နှစ်ယောက်က လာတုန်းကတော့ အေးအေးဆေးဆေးပဲ။ ဒီကျတော့မှကျွန်တော့်မှာ အလုပ်ပေါ်လာလို့ ထိုင်ဝမ်ကို ဒီနေ့ နေ့ခင်းပဲ ကူးရတော့မှာ။ ထိုင်ဝမ်မှာ တရက်နေပြီးရင် အမေရိကကို ဆက်သွားရဦးမှာဆိုတော့ ခင့်ကို ခေါ်သွားလို့မဖြစ်တော့ဘူး။ ဒါနဲ့ ခင်ဒီနေ့ပြန်လို့ရမလားလို့ထိုင်းအဲယားခင်းကို လှမ်းမေးတော့လည်း ဝယ်ထားတဲ့နေ့ထက် စောချင်လို့မရဘူး၊ နောက်ကို ရွှေ့ချင်ရင်တော့ ဖြစ်တယ်လို့ ပြန်ပြောတယ်။ ခင့်အတွက်… Continue reading ထပ်မံခံစားရပြန်သည်