ထိန်းမနိုင်သောစိတ်

ထိန်းမနိုင်သောစိတ် အာဆီ တစ်ထပ်တိုက်လေးက အကြမ်းထည်ပြီးတော့မည်။ ကန်ထရိုက်တာက ဦးအေးမောင်ဖြစ်သည်။ ဆက်ဆံရေးကောင်းမွန်မှု၊ အလုပ်တွင်စေ့စပ်သေချာမှု၊ ပိုင်ရှင်အပေါ် စေတနာတွေထားမှုတွေကြောင့် လူတွေက သူ့ကိုတဖြည်းဖြည်း ယုံကြည်စိတ်ချလာပြီး အဆောက်အဦးတစ်ခုလုံးကို `ဝ´ ကွက်အပ်သည်အထိ ဖြစ်လာကာ ဦးအေးမောင် တစ်ယောက် ကန်ထရိုက်တစ်ယောက်ဖြစ်လာသည်။“ မောင်ကျော်ရေ…..မောင်ကျော် ” “ လာပြီဆရာ…. ” ဦးအေးမောင်၏ ခေါ်သံကြောင့် ပေကြိုးတစ်ချောင်းဖြစ် အလုပ်ရှုပ်နေသော အသက်(၂၅)နှစ်အရွယ် လောက်ရှိသော လူငယ်တစ်ဦးက ဦးအေးမောင်၏ အနားသို့ရောက်လာသည်။ “ ငါအမိုးပြားဝယ်ဖို့သွားဦးမယ်…လှသန်းကို ခေါ်သွားမယ်..မင်းဒီမှာနေလိုက်ဦး…” “ ဟုတ်ကဲ့ဆရာ… ” မောင်ကျော်မှာ လက်သမားလည်းမဟုတ်၊ ပန်းရံလည်းမဟုတ်၊ ကန်ထရိုက်တာ ဦးအေးမောင်၏ လက်ထောက်တပည့် တစ်ယောက်ဖြစ်လေသည်။ “ လှသန်း…ငါနဲ့လိုက်ခဲ့အုန်းဟေ့.. ” “ ဟုတ်ကဲ့ဆရာလာပြီ.. ” ခေါင်မိုးတွင် မျှားတန်းတွေရိုက်နေရာမှ… Continue reading ထိန်းမနိုင်သောစိတ်