ထိမ်းမနိုင်သိမ်းမရ

ထိမ်းမနိုင်သိမ်းမရ အဲ့ဒီ မနက်က…အိပ်မက်ကောင်းများနှင့် ထိတွေ့ခြင်းကင်းခဲ့သည်မှာ ကြာပြီဖြစ်သောမည်ကာမတ္တအိပ်စက် ခြင်းတစ်ခုမှ ပျင်းရိညီးငွေ့စွာနိုးထခဲ့မိသည်…။ ဖြစ်နေကျမနက်ခင်းကလည်း ထုံးစံအတိုင်း အေးတိ အေးစက်နှင့်ပေါ့ …။ ဘေးနားတွင် ရံဖန်ရံခါရှိခဲ့ဖူးသော အနွေးဓါတ်လေးတစ်ခုအား မရှိနိုင်မှန်းသိရက်နှင့် စမ်းဖြစ်အောင်စမ်း လိုက်မိသေး၏၊ အေးစက်သောအတွေ့ရှိသည့်သူ့မျက်မှန်ကိုသာစမ်းမိလိုက်သည်၊ သူအရှက်ပြေကောက်တပ်လိုက်၏၊ အမှန်တစ်ကယ် သူထိတွေ့ချင်ခဲ့သည်မှာ နုထွေးအိစက်လှစွာသောချစ် သူ၏ ခန္ဓာကိုယ်ပင်ဖြစ်ပေတော့သည်။ `လွမ်းစရာရှိလျှင် နာစရာနှင့် ဖြေရသည်´ ဟူသည့်စကားရှိသော်လည်း လွမ်းစရာကြုံလာ တိုင်းနာကျည်းစရာကို သူရှာမတွေ့ခဲ့မိပါ၊ တစ်ကယ်တမ်း နာကျည်းစရာများလုပ်ခဲ့သူက သူကိုယ် တိုင် ဖြစ်နေခဲ့သည်လေ။ သူ့ကို ` မ´ ထားရစ်ခဲ့သည်မှာ တစ်နှစ်ပင် ပြည့်ခဲ့ပါပြီ၊ ထားခဲ့သည် ဆိုခြင်းထက် စိတ်ပျက်ရွံမုန်းစွာ စွန့်ခွာသွားသည်ဆိုခြင်း က ပိုမှန်ပေလိမ့်မည် ။ `အားလုံး ပြီးသွားခဲ့ပါပြီ မောင်ရယ်´ လို့သူမ ပြောခဲ့သော်လည်း… Continue reading ထိမ်းမနိုင်သိမ်းမရ