ဒီထက်ကောင်းတာမရှိ

ဒီထက်ကောင်းတာမရှိ ကြာခဲ့ပါပြီ။ ၈၂- ၈၃ လောက်ကထင်တယ်။ တီဗွီဆိုတာပေါ်ကာစ၊ ကျနော်တို့လမ်းထဲမှာ တီဗီရှိတဲ့အိမ်က တအိမ်ထဲရယ်။ အဲဒီတော့သူတို့က ညဘက်ဆိုရင် လူတယောက် ပြား ၅၀ ယူပြီးပြစားတယ်ဗျ။ မြန်မာ့အသံကပြတာတွေကိုဘဲ ငါးမူးပေးပြီးကြည့်ရတာပေါ့။ ဒါတောင်လူတွေကကြိတ်ကြိတ်တိုး။ အဲဒီအိမ်အကြောင်းအရင်ပြောရမယ်။ အိမ်ရှင်က ကိုအောင်မြင့်တဲ့။ သူ့မိန်းမက မတင့်တင့်။ ကိုအောင်မြင့်က အသက် ၃၉-၄၀ လောက်ရှိပြီး အမယု့ကလည်း သူနဲ့ မတိမ်းမယိမ်းပါဘဲ။ ကျနော်တို့က ၂၀ ပတ်ချာလည် တွေပေါ့။ ကျောင်းပြီးကာစ အစိုးရအလုပ်ကလေးဝင်ကာစပေါ့။ ကိုအောင်မြင့်တို့ အမယု့တို့က ကျနော်တို့နဲ့ အသက်ကွာပေမဲ့ လူငယ်တွေနဲ့ လူငယ်ပေါင်း ပေါင်းတော့ ကျနော်တို့က အကို အမဘဲ ခေါ်ကြပါတယ်။ သူတို့အိမ်ကြီးက နှစ်ဆောင်ပြိုင်အိမ်ကြီး၊ အပေါ်ထပ်မှာ သူတို့မိသားစုနေကြတယ်။ အောက်ထပ် ခြေရင်းဘက် ခြမ်းမှာ ညဆိုတီဗီပြတယ်။… Continue reading ဒီထက်ကောင်းတာမရှိ