ပွင့်ချပ်လွှာလေးနှစ်ဖတ်

ပွင့်ချပ်လွှာလေးနှစ်ဖတ် မိုးရွာပြီးစ ညနေခင်းလေးတစ်ခုပါ။ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေကို လေနုအေးက ညင်ညင်သာသာ ဖြတ်သန်း တိုက်ခတ်နေတယ်။ ကောင်းကင်ပြာပေါ်မှာ ရောင်စုံသက်တန့်နဲ့ အားအင်ကုန်ခမ်းနေတဲ့ နေရောင်ခြည်ရဲ့ အလှက ပတ်ဝန်းကျင်ကို ပိုမို သစ်လွင်စေပါတယ်။ လေညှင်းရဲ့အေးမြတဲ့ ထိတွေ့မှုကလည်း စိတ်ကို ကြည်နူးစေတာ အမှန်ပါ။ သာယာအေးမြတဲ့ ညနေလေးကို ပိုပြီး ပြည့်စုံသွားစေတာကတော့ ချစ်သူရဲ့အပြုံးလို့ ပြောရမှာပဲ။ ကျွန်တော်နဲ့သူ စ တွေ့ဖြစ်တာ မွေးနေ့ပွဲ တစ်ခုမှာပေါ့။ ညမီး အလင်းရောင်အောက်မှာ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ ထင်းနေအောင်လှပတဲ့မိန်းကလေးကို ကျနော်မြင်မြင်ချင်း ချစ်မိခဲ့တာ။ သူကလည်း ကျွန်တော့် အကြည့်တွေကို ချက်ချင်း သဘောပေါက် နားလည်ခဲ့ပါတယ်။ ရှေးရေစက်ကောင်းမှုကြောင့် သိပ်မကြာခင်မှာပဲ ကျွန်တော်တို့ ချစ်သူတွေ ဖြစ်သွားခဲ့တယ်ပေါ့။ သူက ကျွန်တော့်ထက် အသက်အများကြီး ငယ်တယ်ဗျ။… Continue reading ပွင့်ချပ်လွှာလေးနှစ်ဖတ်