ဖော်မပြနိုင်သောအရသာ

ဖော်မပြနိုင်သောအရသာ ဒေါ်တင်မမက သံပန်းတံခါးကို လူပ်ကိုင်ရင်း အိမ်ထဲသို့လှမ်းခေါ်လိုက်သည်။ ‘စုစုရေ…စုစု’ ‘ရှင်၊ လာပါပြီအန်တီမမ’ ပြောသံနှင့်အတူ အသက်၁၃နှစ်ခန့် မိန်းခလေးတဦးအိမ်ရှေ့သို့ ပြေးထွက်လာသည်။ ‘ဘာလုပ်နေလဲ စုစု’ ‘မီးပူတိုက်နေတာပါ အန်တီမမ’ မိန်းကလေးက ရိုသေစွာပြန်ဖြေရင်း တံခါးသော့ကိုဖွင့်ပေးလိုက်လေသည်။ ဒေါ်တင်မမက လက်ဆွဲအိတ်ကို ဆွဲလျှက်သူ့အခန်းတွင်းသို့ ဝင်သွားလေရာ စုစုလည်းတံခါးကိုပိတ်၍ သော့ခတ်ကာ အိမ်အတွင်းဖက်သို့ ဝင်သွားလေသည်။ ထိုအခိုက်.. ‘ကလင်..ကလင်..ကလင်’ တယ်လီဖုန်းမြည်သံကြောင့် အခန်းထဲမှ ဒေါက်တာတင်မမပြေးထွက်လာပြီး ဖုံးကိုကောက်ကိုင်လိုက်လေသည်။ ‘ဟဲလို ..ပြောပါရှင်’ ညင်သာစွာမေးလိုက်သည်၊ နောက်တော့မှ ပြုံးရွှင်စွာဖြင့် ‘အော်.. ကိုရဲလား .. ပြောလေ’ဒေါ်တင်မမက ပြောလိုက်လေသည်။ ထို့နောက် ခဏကြာတိတ်ဆိတ်သွားပြီးမှ ‘အဟင်းဟင်း .. ဟင်း..ဟင်..ကိုရဲရယ်..’ဒေါ်တင်မမ၏ ရယ်သံလွင်လွင်လေးမှာ အခန်းတခန်းလုံး ပျံ့နှံသွားလေသည်။ ဧည့်ခန်းဆီမှာ သာယာသော နာရီသံ ၉ချက်နှင့်အတူ… Continue reading ဖော်မပြနိုင်သောအရသာ