မနေတတ်အောင်

မနေတတ်အောင် နိုဗိုတယ်ဟိုတယ် ရန်ကုန် စားသောက်ခန်းထဲမှာ လူသိပ်မရှိဘူး ။ တိုးရစ်အုပ်စုတစုဘဲ စားပွဲဝိုင်းတဝိုင်းမှာ ရန်ကုန်ခရီးသွား လမ်းညွှန်စာအုပ်လေးတွေ ဖွင့်ဖတ်ပြီး စကားပြောနေကြသည် ။ ပူစီ သူ့လက်က ရွှေရောင် အိုမီဂါနာရီကို တချက်ကြည့်လိုက်သည် ။ ၁၀နာရီသုံးဆယ့်ငါးမိနစ် ။ ချိန်းထားတာက ၁၀နာရီခွဲတိတိ ။ ချိန်းတဲ့အချိန်ထက် ၅မိနစ် ကျော်နေပြီ ။ ပူစီသည် အချိန်ကို လေးစားသည် ။ အချိန်တိကျအောင် အမြဲ ဂရုစိုက်သူ ။ ကိုယ်တိုင်လည်း နောက်မ ကျတတ်သလို တခြားလူ နောက်ကျရင်လည်း မကြိုက်ဘူး ။ စောစောက စားပွဲထိုးလေး လာချပေးသွားတဲ့ ကပါချီနိုခွက်ကို သူမထိရသေး ။ စိတ်စောနေသည် ။ သူလာစောင့်နေတာက အလုပ်အတွက် ။ အလုပ်ကို… Continue reading မနေတတ်အောင်