မိုင်ရာချီဝေးနေသော

မိုင်ရာချီဝေးနေသော သော်တာအိမ်ထဲကနေထွက်လာပြီး သူမချစ်သူမိုးဟိန်းရှိရာကားလေးဆီသို့ ခပ်သွက်သွက်လေးလှမ်းလာနေသည်။ သော်တာ့အရပ်က သာမန်မိန်းကလေးတွေထက်မြင့်သည် နက်မှောင်နေသည့်ဆံနွယ်တွေကလည်း ခါးလယ်လောက်ထိရှည်ကျနေသည်။ ယခုလည်း သူမဆံပင်လေးတွေကိုစုပြီးခပ်မြင့်မြင့်စည်းနှောင်ထားသည်။ မိုးဟိန်း သူ့ချစ်သူသော်တာရဲ့ တင်းရင်းဆူဖြိုးပြီး အချိုးတကျဖြစ်နေတဲ့ သော်တာရဲ့ ရင်တွေတင်တွေကိုအရမ်းသဘောကျသည် သူ့ဘဝတစ်လျှောက်လုံးမှာ သော်တာ့လောက်လှတဲ့မိန်းကလေးမတွေ့ခဲ့ဖူးဟုပင်ထင်နေသည်။ သော်တာကားတံခါးလေးဖွင့်ပြီးဝင်ထိုင်လိုက်တော့ သင်းပျံ့နေတဲ့ရေမွှေးနံ့လေးက ဃဏာရုံကိုဝင်ရောက်ကျီစယ်သွားသည်။ “ဟား ကို့အချစ်လေးကြည့်ရတာ ဒီနေ့ထူးဆန်းနေသလိုပဲ၊ စိတ်လှုပ်ရှားစရာတွေဘာတွေများရှိနေလို့ပါလိမ့်” “ဟုတ်တယ်ကိုရေ ဒီနေ့သော်တာအရမ်းပျော်နေတာ၊ သော်တာ့မောင်လေးကိုပြန်တွေ့ပြီကိုရဲ့၊ ယုံတောင်မယုံနိုင်ဘူးကိုရယ်” “ဒါဆိုဝမ်းသာစရာပေါ့အချစ်လေးရဲ့” စကားအပြန်အလှန်ပြောရင်းနဲ့ မိုးဟိန်းသူ့ကိုသော်တာပြောပြဖူးတဲ့ နောက်ကြောင်းလေးကိုပြန်စဉ်းစားမိလိုက်သည်။ သော်တာနဲ့သူ့အမွှာမောင်လေးကို မိသားစုနှစ်ခုကမွေးစားခဲ့ကြလို့ တစ်ယောက်နဲ့တစ်ယောက်ကွဲကွာခဲ့ရတာဖြစ်သည်။ သော်တာသိတတ်စအရွယ်ကတည်းကရင်း သူ့မောင်လေးရှိနိုင်မယ့်နေရာကိုစုံစမ်းခဲ့တာဖြစ်သည်။ သော်တာ့မွေးစားမိဘတွေက သော်တာ့မောင်လေးကိုမွေးစားသွားတဲ့လင်မယားရဲ့နာမည်တွေ ကိုမသိတော့ သော်တာကိုယ်တိုင်ပဲ အစအဆုံးစုံစမ်းခဲ့ရတာဖြစ်သည်။ “အင်းပေါ့ကိုရဲ့၊ မောင်လေးနာမည်က သူရိန်တဲ့ အခုရန်ကုန်မှာနေတာ၊ အဲဒါလေ သော်တာမနက်ဖြန်ပဲမောင်လေးကိုတွေ့ဖို့ရန်ကုန်ဆင်းမယ်ကို” သော်တာ့စကားကြားတော့ မိုးဟိန်းမျက်နှာအနည်းငယ်ညှိုးသွားခဲ့သည်။ “အဲဒါဆိုရင် သော်တာကဟိုမှာဘယ်လောက်တောင်ကြာမှာလည်း” “ဒါတော့ဘယ်ပြောလို့ရမလည်းကိုရဲ့ တစ်လလောက်ဖြစ်ဖြစ်ကြာချင်ကြာမှာပေါ့၊… Continue reading မိုင်ရာချီဝေးနေသော