မြင်းကမလှုပ် ခုံကလှုပ်

မြင်းကမလှုပ် ခုံကလှုပ် ခြံဝန်းကျယ်ကြီးတစ်ခု၊ နှစ်ဧကခန့် ကျယ်ဝန်းသည်။ ထိုခြံဝန်းကျယ်ကြီးအတွင်းရှိ တစ်ထပ်တိုက်လေးက စိမ်းပြာ ရောင်ဆေးသုတ်ထားသည်။ တစ်ထပ်တိုက်ဆိုပေမယ့် ခပ်သေးသေးတော့မဟုတ်ပါ။အဆောက်အဦးပမာဏပင် ပေ(၅၀) ပတ်လည်လောက်ရှိသည်။ တစ်ထပ်တိုက်လေး၏ နောက်မီးဖိုချောင်နှင့် တည့်တည့်လောက်ရှိ တိုက်လေး၏ ဘေးဖက်နား တွင် ရေစင်တစ်ခုရှိပြီး ထိုရေစင်၏ရှေ့ အိမ်ရှေ့ဘက်နားတွင်တော့ ကားဂိုဒေါင်လေးတစ်ခုရှိလေသည်။ တဖန်တိုက်လေး၏ နောက်ဖက်ခြံဝန်း၏ ဒေါင့်လောက်တွင် ဂိုဒေါင်လိုလို သစ်သားအိမ်လေးတစ်လုံးရှိလေသည်။ ခြံဝန်းကျယ်ကြီးထဲတွင်တော့ သီးပင်၊ စားပင်၊ အပင်ကြီးများ၊ အရိပ်ရ အပင်ကြီးများအပြင် အိမ်ရှေ့ဖက်တွင်တော့ ပန်းအလှများ စိုက်ပျိုးလျက် ခုံတန်းလျား လေးများနှင့်အတူ ပန်းခြံလေးသဖွယ် ပြုလုပ်ထားလေသည်။အချိန်က ည(၁၀)နာရီကျော်ပြီဖြစ်သည်။ ခြံဝန်းထဲရှိ ပန်းခြံလေးထဲတွင် လူတစ်ယောက် ထိုင်နေပြီး လက်ထဲမှ စီးကရက်ကို ဖွာ၍ တစုံတရာကို စဉ်းစားတွေးတော၍နေသည်။ ထိုသူကတော့ ဤခြံဝန်းနှင့် တိုက်တို့၏ ပိုင်ရှင်… Continue reading မြင်းကမလှုပ် ခုံကလှုပ်