လာထား … အာဘွား

လာထား … အာဘွား “ အစ်မ…ဒီမှာ…အချဉ်ထုပ်နှစ်ထုပ်ဖိုး…”  အသံလွင်လွင်လေးကြောင့် ယာလက်စ ကွမ်းယာကို ချ၍ ထွေးကြည်မော့ကြည့်လိုက် မိသည်။ ပါးဖောင်းဖောင်းလေးနှင့် ဖြူဖြူဖွေးဖွေး ကောင်မလေးတစ်ယောက် ၊ ပါးနှစ်ဖက်ပေါ်တွင် ပါးကွက်လေးကိုရေးရေးလေး  တင်ထားသည်။ သူမလှမ်းပေးနေသော ငါးရာတန်တစ်ရွက်ကို လှမ်းယူရင်း နောက်ဖက်တွင်လည်း သူမနှင့် မတိမ်းမယိမ်း  ကောင်မလေးတစ်ယောက် ပါရှိနေကြောင်း တွေ့လိုက်ရသည်။ သည်တစ်ယောက်ကတော့ အသားညိုစိမ့်စိမ့်ဖြင့် ကျစ်ဆံမြီးလေး  နှစ်ချောင်းချထားသည်။ ကလေးမလေးနှစ်ယောက်စလုံး ကိုယ်လုံးကိုယ်ပေါကက်အစ ဘာမှပြောစရာမလို..။ ရွက်ကြမ်းရေကျို ဆို တာထက်သာပြီး လှတယ်လို့ ပြောနိုင်ကြသူများ ဖြစ်သည်။ “ ဟဲ့..အိ…ကိုတုတ်ကြီးက သူ့အတွက် ကွမ်းယာတစ်ရာဘိုး  မှာလိုက်သေးတယ်လေ..”   “ အေး…ဟုတ်သားဘဲ… ငါမေ့တော့မ လို့….အစ်မ..ကိုတုတ်ကြီးအတွက် ကွမ်းယာ တစ်ရာဘိုး ယာပေးပါအုံး…”   “ အော်….အေးအေး….”   ထွေးကြည်… Continue reading လာထား … အာဘွား