အသွေးအသား

အသွေးအသား “ဖြိူး” “စားလေ…ရော့” စားပွဲပေါ်ရှိ ပန်းကန်ထဲက ဘူးသီးကျော်တစ်ခုကို ကောက်ယူပြီး ဖြိုးဆိုတဲ့ ချစ်သူလေးကို ဖိုးကျော်က ခွံ့ကြွေးလိုက်သည်။ ဖြိုးကို ဖိုးကျော် မြတ်မြတ်နိုးနိုးကို ချစ်ရှာသည်။ ချစ်သူသက်တမ်း(၂)နှစ် အတွင်းမှာ လက်ကိုင်ရုံ ပါးလေးနမ်းရုံကလွဲပြီး ကျန်တာဘာမှ မလုပ်ပေ။ ချစ်ရသောဖြိုးကို ဖိုးကျော် တန်ဖိုးထားသည်။ ဒါကြောင့်မို့လည်း ဆင်ဆင်ချင်ချင်နေသည်။ အခွင့်အရေးတွေရှိပေမယ့် မယူခဲ့တာ ဖိုးကျော်ရဲ့ ဖြိုးအပေါ်ထားတဲ့ ချစ်ခြင်းသည်သာ။ ဘူးသီးကြော်ခွံ့ကြွေးနေတဲ့ မောင့်ကိုကြည့်ရင်း ရင်ထဲမှာအချစ်တွေပြည့်နေသည်။ ဒီလိုဂရုတစိုက် ရှိတဲ့သူမို့လည်း ဖြိုးကို သူပစ်သွားမှာကြောက်သည်။ အခွင့်အရေးမယူတတ်သောသူမို့လည်း မောင့်ကို လေးစားမိသည်။ (အခွင့်အရေး ယူခဲ့မယ်ဆိုရင်လည်း ပေးဖို့အသင့်ပါမောင်ရယ်)။ “အန်တီ” “ကျွန်တော်တို့ ဘယ်လောက်ကျလဲခင်ဗျ” “ဘူးသီးကြော်တစ်ပွဲတည်းဆိုတော့…ငါးရာပဲကျပါတယ်ကွယ်” ဖိုးကျော် ငါးရာတစ်ရွက် ထုတ်ပေးလိုက်သည်။ ပိုက်ဆံရှင်းပေးပြီးသည်နှင့် ကားတံခါးကို ဖြိုးဝင်ထိုင်ဖို့ အသင့်ဖြစ်အောင်… Continue reading အသွေးအသား