အားမရခဲ့လို့

အားမရခဲ့လို့ အချိန်က ည(၁၁)နာရီ ရှိပေပြီ။ ဆယ်နာရီလောက်ကတည်းက တဖြေးဖြေးစဲသွားသော မင်္ဂလာဧည့်ခံပွဲသို့လာရောက်ကြသည့် ပရိသတ်များနှင့် သူတို့၏ကားကြီးကားငယ် အသွယ်သွယ်တို့သည် တဦးတလေ တစီးတလေမျှပင် မရှိကြတော့ပဲ ခြံဝန်းကျယ်ကြီးထဲတွင် ပစ္စည်းများလိုက်လံသိမ်းဆည်းနေကြသော အလုပ်သမားသုံးလေးယောက်သာရှိတော့သည်။ ထို့အပြင် ဥရောပပုံစံနှစ်ထပ်တိုက်ကြီးထဲတွင်လည်း အိမ်သူအိမ်သားနှစ်ယောက်သုံးယောက်တို့သည် ပစ္စည်းများသိမ်းပြီးကြသည်နှင့် အိပ်ယာဝင်ကြရန်ပြင်ဆင်နေကြပေပြီ။ မေစိုးသည် သူမ၏ဖိနပ်လေးကို ချွတ်၍ ပါကေးခင်းပေါ်တွင် ခင်းထားသော နီညိုရောင်ကော်ဇောပေါ်သို့ လှမ်းအတက်မှာပင် သူမ၏အကြည့်က အိမ်ရှေ့ဧည့်ခန်းထဲသို့ ရောက်သွားသည်။ သတို့သားနှင့် သတို့သမီးတို့သည် အန်တီကြီးကို ကန်တော့နေကြသည်။ မေစိုးသည် လှမ်းလက်စ ခြေလှမ်းကို ရုတ်၍ အသာရပ်နေလိုက်သည်။ ထိုစဉ်မှာပင် မင်္ဂလာမောင်နှံတို့သည် အန်တီကြီး၏ ရှေ့မှထ၍ မတ်တတ်ရပ်လိုက်ကြသည်။ မျက်လွှာလေးချ၍ ငုံ့ထားသော သတို့သမီးဖြစ်သူ၏ ပါးပြင်လေးမှာ နီမြန်းနေသည်ကို တွေ့ရသည်။ ပြီးတော့ သူတို့နှစ်ယောက်သည် မေစိုးရပ်နေရာနှင့် ဆန့်ကျင်ဘက်ဧည့်ခန်း၏… Continue reading အားမရခဲ့လို့