ဦးသမီးအလှည့်

ဦးသမီးအလှည့် သူမ ဆေးလိပ်းသောက်နေတာကို ကြည့်ကောင်းကောင်းနဲ့ထိုင်ကြည့်နေမိသည်.. ဆေးလိပ်တစ်ဝက်ခန့်ကုန်တော့ ဆက်မသောက်တော့ပဲ ထိုးချေမီးသတ်လိုက်သည်.. ခုချိန်ထိ ဦးချမ်းသာအောင် ဆေးလိပ်မသောက်ဖြစ်သေး.. “ကိုယ် .. မင်းအကြောင်းကို စိတ်ဝင်စားတယ် နွယ်နီ.. ကိုယ့်ကို မင်းအကြောင်းပြောပြနိုင်မလား..” “ဟား.. ” သူမရယ်လိုက်သံက ကဗျာမဆန်.. “မထူးဆန်းပါဘူး ကိုကြီးရယ်.. မိမရှိ၊ ဖမရှိ တစ်ယောက်ထဲ ရုန်းကန်ခဲ့ရတယ့် သာမန်မိန်ကလေးတစ်ယောက်ရဲ့ဘဝပဲ.. ” “မင်းမှာ မွေးချင်းမရှိဘူးလား..” “အကိုတစ်ယောက်တော့ရှိတယ်.. လွန်ခဲ့တဲ့ ၆ နှစ်လောက်က အိမ်ကထွက်သွားတယ်… တပ်ထဲပဲဝင်သွားသလိုလို.. ယိုးဒယားဘက်ပဲ ရောက်နေသလိုလိုနဲ့တော့ ပြောကြတယ်.. အဆက်အသွယ်တော့မရှိဘူး.. ” “ခု..မင်းနေတော့.. ” “အဒေါ်အိမ်မှာ.. အမျိုးအရင်းတော့မဟုတ်ဘူး.. ဘယ်လိုပြောရမလဲ .. ရပ်ဆွေရပ်မျိုးပေါ့..” သီးသန့်ခန်းလေးအတွင်း အသံခဏတိတ်သွားသည်..။ သူမက ဦးချမ်းသာအောင်၏ခွက်ထဲကို အရက်ထပ်ထည့်ပေးရင်း သူမအအေးခွက်ထဲကိုပါ… Continue reading ဦးသမီးအလှည့်